macOS Mojave Excel Myanmar Unicode Issue Fix

ပြဿနာ Mojave တွင် Microsoft Excel for Mac တွင်မြန်မာယူနီကုဒ်ဖောင့် ရိုက်မရဖြစ်ခြင်း။ Rendering အပြည့်အစုံအလုပ်မလုပ်ခြင်း ဖြေရှင်းချက် ၁။ Myanmar MN, Myanmar Sangam MN ကို enable လုပ်ပေးပါ။ တခြားမြန်မာယူနီကုဒ်ဖောင့်များကို enable အတူတကွလုပ်ထားနိုင်ပါသည်။ ၂။ လက်ရှိ Excel latest version 16.16.19 တွင် စာရိုက်နေတုန်း rendering မမှန်ပဲ ရိုက်ပြီး enter ခေါက်မှသာ rendering မှန်သောကြောင့် အကုန်အပြည့်အစုံမှန်သည့် 15.24 သို့ပြောင်းဆင်းရပါမည်။ ထို့အတွက် Excel v15.24 updater ကို အောက်ပါ ချိတ်ဆက်လင့်မှ ယူပါ။ Excel v15.24 Updater Download Link Read More …

Add Myanmar3 Layout to KeyMagic

မြန်မာစာစနစ်အတွက် ဇော်ဂျီကနေ ယူနီကုဒ်စနစ်ကို ပြောင်းသုံးကြဖို့ လက်တွန့်နေကြသည့် အချက်များထဲတွင် (သဝေထိုး)ကို ယူနီကုဒ်တွင် ဗျည်း၏ နောက်မှ ရိုက်ရသည် ဆိုသော အချက်တစ်ချက်လည်း အဓိက ပါဝင်နေပါတယ်။ ဤအချက်သည်ပင်လျှင် ယူနီကုဒ်သုံးစွဲနေကြသူများ (Unicode Users) အချင်းခြင်း ကြားထဲ၌ပင် အယူအဆ ကွဲပြားနေရသော အချက်တစ်ချက် ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွင် ယူနီကုဒ်ကို Mac OS ပေါ်တွင် အသုံးပြု ရေးသားနိုင်ရန် ကီးဘုတ်လက်ကွက်များ(keyboard layouts) အဓိကအားဖြင့် နှစ်မျိုး ကွဲပြားနေပါတယ်၊ Windows တွင်လည်း အလားတူ ပြဿနာမျိုးတွေ့နေရပြီး Windows တွင်တော့ အခြား keyboard layouts များလည်း ရှိနေပါတယ်။ (၁) KeyMagic (မြန်စံ) ဇော်ဂျီမှ ယူနီကုဒ်စနစ်သို့ Users များ Read More …

Myanmar Unicode Dictionary On Mac

Mobile အသုံးပြုသူများ အနေနှင့် iOS နှင့် Android နှစ်မျိုးစလုံးအတွက် “Ornagai” အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ကောင်းစွာ ကြားဖူး၊ အသုံးပြုဖူး ကြပါလိမ့်မည်။ Developer ကိုစေတန် ရေးသားပေးထားတဲ့ “Ornagai” အဘိဓာန်မှာ Mac အတွက် ယခင်က ‘ဇော်ဂျီ’ ဗားရှင်းနဲ့သာ ရှိနေခဲ့ပြီး၊ ယခုအခါ မြန်မာယူနီကုဒ်ဗားရှင်း အနေနှင့် ထပ်မံ၍ ပံ့ပိုးပေးထားပါတယ်။ အဆိုပါ “Ornagai” အဘိဓာန်ကို Mac တွင် ထည့်သွင်းပြီး Safari, iBook တို့မှ ဖတ်ရှုသမျှ အင်္ဂလိပ်စာများကို မြန်မာဘာသာ အဖြစ် အနက်အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းချက်များကို ယူနီကုဒ်စနစ်ဖြင့် ဘာသာပြန်ပေးနိုင်ပါလိမ့်မည်။ ₪ Download Unicode Ornagai Dictionary (DropBox) ၁။ Download Read More …