ယူနီကုဒ်စံမြန်မာစာ စာလုံးပေါင်းနည်း

ယူနီကုဒ်စံမြန်မာစာ စာလုံးပေါင်းနည်း ကွန်ပျူတာတွေ ဖုန်းတွေမှာ ယူနီကုဒ်စံစနစ်ကိုသုံးစွဲနိုင်ဖို့ လုပ်ပြီးကြတဲ့အခါမှာ စတင်ပြီးအခက်တွေ့ကြတာက စာရိုက်နည်းပါ။ ယခင်တုန်းက ဝင်းအင်းဝ၊ ဇော်ဂျီစတဲ့ဖောင့်တွေနဲ့စာရိုက်ကြတဲ့အခါမှာ လက်ဝဲဘက်ကနေ လက်ယာဘက်ကို အစဉ်အတိုင်း မြင်တာကိုအရင်ရိုက်ခဲ့ကြရပါတယ်။ ဥပမာ ကြွေး ဆိုပါစို ရရစ်ကို အရင်ရိုက်ပြီးမှ ကကြီးကိုရိုက်ပါတယ်။ အခု ပြောင်းလဲသုံးစွဲကြမယ့် ယူနီကုဒ်စံမြန်မာစာစနစ်မှာကြတော့ အဲလို အရင်မြင်ရတာ အရင်ရိုက်လို့မရတော့ပါဘူး။ မြန်မာစာသတ်ပုံရေးထုံးအစဉ်ကို လိုက်နာပြီး စာရေးရပါတော့မယ်။ မြန်မာစာသတ်ပုံအစဉ်ကို အောက်ပါအတိုင်းမှတ်ကြပါ။ ဗျည်း ဗျည်းတွဲ သရ သရသတ် သံပြောင်းပြ ဗျည်းကို မြန်မာစာတွင် ကကြီးမှအအထိဟု အလွယ်မှတ်နိုင်ပါတယ်။ ဗျည်းတွဲဆိုတာကတော့ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး တို့ဖြစ်ပြီး ပင့်ရစ်ဆွဲထိုး လို့အလွယ်မှတ်နိုင်ပါတယ်။ သရ ကတော့ အ၊ အာ၊ အိ၊ အီ၊ Read More …

ယူနီကုဒ် အဆင့်ရေးနည်း – ၂

စာလုံးဆင့်တွေ ရိုက်တဲ့ အခါ ဘယ်လို ရိုက်ရမလဲ မသိရင် ကိုယ်ရိုက်မယ့်စာလုံး ဗျည်းနဲ့သရကို တွဲစပ်ပြီး စဉ်းစားကြည့်ရင်လွယ်ပါတယ် ဥပမာ – အင်္ဂါ အင်္ဂါမှာ (အင်) ပြီးမှ (ဂငယ်)ကို (င် ) အောက်က သွားဆင့်တာပါ အဲဒီတော့ (အင်) ကိုရိုက် ဆင့်ချင်တဲ့ စာလုံးကို ( ္ ) ခံပြီးရိုက်လိုက်ရင် သူနဲ့ ဆိုင်ရာသရကို တွဲပေါ့ (အ)+(င)+(ြ )+( ျ )+ (ဂ)+(ါ ) ဥပမာ – သင်္ကြန် (င် )က ရှေ့က (သ) နဲ့ဆိုင်တဲ့ အတွက် (သ+င်) ပေါ့ (သင်)ကို ပြီးအောင် ရိုက်ပြီးတော့မှ ဆင့်မယ့် (ကြန်)ကို Read More …