Windows 10 မှ နဂိုမူလ ဖောင့်များ

ဇော်ဂျီ အင်စတော်လာ တခုခု မှ အစားထိုးသွား၍ဖြစ်စေ၊ ပျက်သွား၍ ဖြစ်စေ၊ စာမမှန်တော့ ၍ ဖြစ်စေ၊ လိုအပ်ပါကာ အောက်ပါ ဖိုင် အား ဇစ်ပ် ဖြေ ပြီး Windows/Fonts ဖိုဒါ ထဲ  copy, override လုပ်ပေးလိုက်ပါ။ သတိ၊ ဤသို့ ပြုလုပ်စဉ် စက်မပိတ် ရပါ။ MMText-arial-Org

မြန်မာယူနီကုဒ် ကို MacOS တွင် အသုံးပြုခြင်း

မြန်မာယူနီကုဒ်ဖောင့်ကို Mac OS X တွင် လွယ်ကူစွာ သွင်းယူနည်းဖြစ်ပါသည်။ Keyboard, Unicode Fonts နှင့် Safari တွင် ယူနီကုဒ်နှင့် ဇော်ဂျီ နှစ်မျိုးလုံးကိုပါ ဖတ်ရှုနိုင်မည့် Safari Extension နှင့်တစ်ကွ Offline Converter တို့ကိုပါ စုံစုံလင်လင် ထည့်သွင်းပေးထားပြီး မည်သို့ မည်ပုံ အသုံးချရမည်ကို အလွယ်ကူဆုံးဖြစ်အောင် ဖော်ပြပေးထားပါတယ်… အကယ်၍ Mac OS X တွင် ဇော်ဂျီဖောင့် သွင်းယူထားမိပြီးသူ ဖြစ်ပါက ယူနီကုဒ်သို့ ကူးပြောင်းရန် အဆင့်(၁) မှ စတင်၍ လုပ်ဆောင်ပါ။ မည်သည့် မြန်မာဖောင့်မှ သွင်းယူထားခြင်းမရှိသေးသော Mac OS X အတွက်တော့ “ယူနီကုဒ်ဖောင့် သွင်းယူခြင်း” အဆင့်မှ စတင်ကာ Read More …

Myanmar Unicode Tool

Unicode ကို အခုမှစသုံးမယ့် သူတွေအတွက် Tool လေးတစ်ခုလုပ်ထားပါတယ်။ Unicode သုံးရာမှာ လိုအပ်တဲ့ Tool တွေအားလုံးကို စုပေးထားတာဖြစ်တဲ့အတွက် ဒီ Tool လေးရှိနေရင် Unicode သုံးဖို့ တကူးတက လိုက်ရှာနေဖို့ မလိုတော့ပါဘူး။ Tool ထဲမှာ ပါတာတွေကတော့ – KeyMagic 1.5 (Windows 7 နှင့် 8 အတွက်) – KeyMagic 2.0 (Windows 10 အတွက်) – KeyMan 6.2 (Windows 7 အတွက်) – KeyMan 9.0 (Windows 8 နှင့် 10 အတွက်) – Zawgyi <=> Unicode Read More …

Myanmar Unicode Tool V2

Unicode ကိုစတင်အသုံးပြုမည့် သူများအတွက်ရော၊ အသုံးပြုနေသူအတွက်ပါ ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ Tool ဖြစ်ပါတယ်။ ယခင် Version က Feedback တွေကို ပြန်ပြင်ထားပါတယ်။ Unicode ကို စတင်အသုံးပြုမည့် သူများအတွက် လိုအပ်မယ့် Software အစုံကို ထည့်သွင်းပေးထားပါတယ်။ Install လုပ်နည်းနှင့် ရှင်းလင်းချက်များပါ ထည့်သွင်းပေးထားပါတယ်။ မည်သည့် Software Version ကို မည်သည့် Windows အတွက် အသုံးပြုသင့်သည်ကို အကြံပြုချက်များပါ ထည့်သွင်းပေးထားတာကြောင့် Beginner များအတွက် အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။ Unicode စာရိုက်နည်း အညွှန်းများကိုလည်း ထည့်ပေးထားပါတယ်။ Unicode ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ဖို့ လိုအပ်တာတွေကို အခက်အခဲမရှိ ရရှိနိုင်အောင်၊ Computer တစ်ခုလုံးကို Unicode ပြောင်းလဲ Read More …

Unicode Font Profiles for iOS

ဖောင့်ပရိုဖိုင် များကို  iPhone, iPad  တို့တွင် အသုံးပြုနိုင်ရန် Safari Browser ကိုသုံး၍ ဒေါင်းလုပ် လုပ်ပါ Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင်     [DOWNLOAD]

Xiaomi ဖုန်းတွင် Unicode အသုံးပြုခြင်း

Xiaomi ဖုန်း အသုံးပြုသူများအတွက် မိမိလက်ရှိအသုံးပြုနေတဲ့ ဇော်ဂျီဖောင့်ကနေ ယူနီကုဒ်စနစ် စံမြန်မာစာကို ပြောင်းလဲအသုံးပြုလိုသူများအတွက် Default ဖောင့်ကို ပြန်လည်ပြောင်းလဲပုံကို ပြထားတဲ့ ဗီဒီယိုလေးပါ။ တကယ်တန်းတော့ MIUI မှာက ယူနီကုဒ်စနစ်က ပါဝင်ပြီးသားပါ။ အဲ့ဒီယူနီကုဒ်စနစ်ထဲမှာလည်း မြန်မာဘာသာအတွက် တစ်ပါတည်းပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဇော်ဂျီဖောင့် အသုံးပြုနေကြတဲ့သူများ ယူနီကုဒ်စနစ်ထဲမှာ ပါပြီးသား စံမြန်မာစာကို ပြန်လည်အသုံးပြုလိုကြတယ်ဆိုရင် ဖုန်းရဲ့ Home screen ပေါ်မှာရှိတဲ့ Theme ထဲဝင်ပြီး ဘယ်ဘက်အပေါ်ထောင့်လေးက လူပုံလေး (My account) ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့စာမျက်နှာထဲက Font ထဲကို ဝင်ပါ။ ထိပ်ဆုံးမှာရှိတဲ့ Default ဆိုတာကို နှိပ်ပါ။ ပြီးရင် ပေါ်လာတဲ့စာမျက်နှာထဲက အောက်နားလေးမှာရှိတဲ့ Apply ဆိုတာကို နှိပ်ပါ။ Reboot Read More …

ယူနီကုဒ် စာရိုက်စနစ်များ

မြန်မာစာ ရိုက်နည်းနှစ်မျိုး မြန်မာစာ ရိုက်နည်းများတွင် အရှိအတိုင်း ရိုက်နည်း (Logical) နှင့် သင်ပုန်းကြီး အတိုင်းရိုက်နည်း (Smart) ဟူ၍ နှစ်မျိုးရှိသည်။ သင်ပုန်းကြီး စနစ်တွင် ေ ကို အရင်ရိုက်ရပြီး …………….. Android ဖုန်းများအတွက် ယူနီကုဒ်လက်ကွက်များ လက်ကွက်အမည် ဘာသာစကားများ သုံးသပ်ချက် G-Board ဗမာ သင်ပုန်းကြီး အတိုင်းငါ ရိုက်၍ရပြီး ဘာသာပြန်စနစ် အကြံပြုစနစ်များ ပြည့်စုံစွာပါဝင်သည်။ ဗေကီးဘုတ် ဗမာ၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်ႏ၊ ရှမ်း၊ မွန် တိုင်းရင်းသား ဘာသာပေါင်းစုံ အသုံးပြုနိုင်သည်။ သင်ပုန်းကြီးစာရိုက်စနစ်ကော် အရှိအတိုင်း ရိုက်သည့် စနစ်ပါ ထောက်ပံသည်။ ကီးဘုတ် ဗမာ၊ သုံးသပ်ချက် ကီးဘုတ် ဗမာ၊ သုံးသပ်ချက် ကီးဘုတ် Read More …

MAC OSX နှင့် ယူနီကုဒ်

Operating System အ​ကြောင်း Mac OS X [ macOS ] သည် Apple ၏ desktop operating system တစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် El Capitan မှာ တရားဝင်နောက်ဆုံး ဗားရှင်းဖြစ်သည်။ နောက်ထပ်အသစ်ထွက်ရှိလာမည့် ဗားရှင်းအသစ်မှာ မှာ macOS Sierra ဖြစ်သည်။ မြန်မာယူနီကုဒ်ကို Maverick မတိုင်မှီ Mountain Lion ကထဲက Apple မှ တရားဝင် ထည့်သွင်းပေးထားခဲ့သည်။ မြန်မာဖောင့်ထည့်သွင်းခြင်း မြန်မာယူနီကုဒ်ကို Mac OS X ပေါ်တွင် အထွေအထူးပြုလုပ်စရာမလိုပဲ မိမိ၏ စက်ပေါ်တွင် default မြင်နိုင်မည်ဖြစ်သည်။ OS X အသုံးပြုသူ မြန်မာအများစုမှာ မူရင်းတရားဝင် ထည့်သွင်းပေးထားသည့် Read More …