Viber application – Windows 7 ‌and 10

Windows 7 & 10 Computer 💻 တွေရဲ့
Viber application ကို Unicode စနစ်သို့ပြောင်းလဲခြင်း💯
—-
ပထမဦးဆုံးTaskbar မှာ run နေတဲ့ Viber application ကို exit လုပ်ထားပါ။
# Control Pannel > Program > Program and Features ထဲမှာတွေ့ရတဲ့ Alpha Zawgyi Unicode System, Alpha Zawgyi 2008 … စတဲ့ ဇော်ဂျီစာသားပါတဲ့ app အားလုံးကို Uninstall လုပ်ပစ်ပါ။
# Control Pannel > Appearance and Personalization > Fonts folder ထဲကိုသွားပါ
– Kayin 2014
– ZawgyiOne Regular
– Arial Zawgyi Regular စတဲ့ fonts များအားလုံး deleted လုပ်ပစ်ပါ။
ပုံမှန်ကွန်ပျူတာများအတွက် ဆိုလျင် ဒီအဆင့်လောက်နဲ့ ယူနီကုဒ် အမှန်ပေါ်လာပါပြီ။
တချို့ စက်များ မြန်မာစာမမှန်သေးတဲ့အချက်မှာ
​# Windows 10 တွင် မူလပါဝင်သော Myanmar Text fonts အား နာမည်တူယူထားသော ဇော်ဂျီဖောင့်အားသွင်းထားမိခြင်း > ထို Myanmar Text font အား deleted လုပ်၍ မူရင်းဖောင့်အား ပြန်ထည့်ပါ။
# Zawgyi နာမည်နှင့်မဟုတ်ပဲ အခြားအမျိုးမျိုးသော ဖောင့်နာမည်များနှင့် မြန်မာဖောင့်များသုံးထားခြင်း > Fonts name အမျိုးမျိုးရှိတာမို့ Folder 📁 အသစ်တခုထဲမှာ သွင်းထားသမျှ Fonts အားလုံး Backup ယူပီး မသေချာတဲ့ မြန်မာဖောင့်အားလုံးဖျက်ပစ်ပါ။
# Windows 10 Zawgyi installer.exe သကဲ့သို့ system font တစ်ခုလုံးကို forced change လုပ်ပစ်တဲ့ applications များသုံးခဲ့မိခြင်း > Control Pannel > Program > Program and Features ထဲမှာပဲ ရှာပြီး အားလုံးဖြုတ်ပစ်ပါ။
——
အထက်ပါအဆင့်များ တဆင့်ချင်းလုပ်ပေးလျင် PC Viberတစ်ခုထဲအတွက်တင် မဟုတ်ပါဘူး တခြား မြနိမာစာထောက်ပံ့တဲ့ Built-in app တွေအကုန်လုံးမှာ ယူနီကုဒ်စနစ်နဲ့ မြန်မာစာကို ကောင်းစွာအသုံးပြုနိုင်ပါပြီ။
Thur@Aung

Credit: Thura Aung