Windows တွင် ဇော်ဂျီဖောင့်နှင့် ကီးဘုတ် ဖြုတ်နည်း

Windows တွင် ဇော်ဂျီဖောင့်နှင့်ကီးဘုတ်ဖြုတ်ရန်

AlphaZawgyi Remover ကို ဤနေရာ မှယူပါ။

  • AlphaZawgyi Remover ကို အထက်ပါလင့်ခ်မှရယူပြီး၊ ဇော်ဂျီဖောင့်နှင့်ကီးဘုတ်အား ဖြုတ်ပါ။
  • ထို့နောက် စက်ကို Restart ချပါ။
  • ပြန်တက်လာလျှင် Control Panel >> All Control Panel Items >> Fonts >> Font settings သို့သွားပြီး Hide fonts based on language settings ကို အမှန်ခြစ်ဖြုတ်ပြီး Restore default font settings ကိုနှိပ်လိုက်သည်နှင့် မြန်မာစာအမှန်ကို ပြန်လည်ရရှိစေပါတယ်။

Registry Editor မှ ဝင်ပြင်နည်း

အကယ်၍ အထက်ပါနည်းလမ်းနှင့် ပြုလုပ်ပါသော်မှ ဇော်ဂျီဖောင့်ကျန်နေသေးလျှင်

  • Win+R နှိပ်၍ Run box ပေါ်လာပါက regedit ဟုရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါလိမ့်မည်။
  • ထို့နောက် Registry Editor ထဲတွင်

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Fonts ကိုရွေးပါ။

    • ဦးစွာ Registry ကို Backup အရင်လုပ်ပါ။ Backup လုပ်ရန် Font ဖိုလ်ဒါကို ရွေးထားပြီး၊ File>>Export ကိုနှိပ်ပါ။ မိမိနှစ်သက်ရာနာမည်ပေးပြီးနောက် တစ်နေရာရာတွင် Save ထားပါ။ (*တစ်ခုခုမှားယွင်းလုပ်ဆောင်ခဲ့မိပါက Restore ပြန်လုပ်နိုင်ရန်အတွက် မိမိသိမ်းထားသောနေရာကို မှတ်ထားပါ။)
  • Zawgyi/Smart Zawgyi အစရှိသည့် Entry များကို Delete လုပ်ပစ်ပါ။
  • ထို့နောက် Myanmar Text နှင့် Myanmar Text Bold တို့တွင် ပုံတွင်ပြထားသည့်အတိုင်း mmrtext.ttf နှင့် mmrtextb.ttf ဟုတ်မဟုတ်စစ်ပါ။
  • မှန်ပါက စက်ကို Restart ချပေးလျှင် ဇော်ဂျီဖောင့်ဖြုတ်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီ။

စာလုံးများ ဝါးသွားပါက Adjust ClearType ကို ပြန်ချိန်ပေးပါ။

Font Substitution

များသောအားဖြင့် ဤအဆင့်ကို လုပ်ဆောင်ရန်မလိုပါ။ အကယ်၍ Myanmar Text နှင့် Myanmar Text Bold တို့တွင် ပုံပါအတိုင်းမဟုတ်ဘဲ အခြားဖောင့်နာမည်များဖြစ်နေလျှင် Font Substitution အောက်တွင် Myanmar Text နှင့် Myanmar Text Bold တို့ကိုရှာပြီး Delete လုပ်ပစ်ပါ။ Restart ချပြီးလျှင် ဇော်ဂျီဖောင့်ဖြုတ်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီ။

Windows 8/10 တွင် မြန်မာစာနှင့် မြန်မာကီးဘုတ်ထည့်ရန်အတွက် Windows 8/10 တွင် Default ပါလာသော ယူနီကုဒ်စနစ်သုံးမြန်မာစာကို ထည့်သွင်းနည်းတွင် လေ့လာပါ။