Unicode Tools for development

ယူနီကုဒ်နဲ့ဇော်ဂျီ ပြဿနာကြား ခေါင်းစားနေရတဲ့ developer တွေအတွက် အဆင်ပြေစေမယ့် developer tools လေးတွေစုပေးထားတာပါ။

MMText

Technomation ကနေ free ပေးတဲ့ Android devices တွေမှာ Myanmar Unicode ကို embedded လုပ်ဖို့ library တစ်ခုဖြစ်ပါတယ်။ အသေးစိတ်ကို GitHub မှာ ဖတ်လို့ရပါတယ်။

https://github.com/htoomyintnaung/mmtext

Kanaung Converter

ZawgyiOne to Unicod, Unicode to ZawgyiOne အပြန်အလှန်ပြောင်းလို့ရတဲ့ php converter ဖြစ်ပါတယ်။ အသေးစိတ်ကို GitHub မှာ ဖတ်လို့ရပါတယ်။

https://github.com/kanaung/converter

Rabbit Converter

Web နဲ့ Android တွေအတွက် သုံးလို့ရတဲ့ ကိုစေတန်ရဲ့ lib တစ်ခုပါ။ အသေးစိတ်ကို GitHub မှာ ဖတ်လို့ရပါတယ်။

https://github.com/Rabbit-Converter/Rabbit

Rabbit converter ကို တခြား programming language တွေနဲ့ရေးထားတာတွေလည်း သူ့ github မှာရှိပါသေးတယ်။

https://github.com/Rabbit-Converter  

 

MMUni Press

 

WordPress ဆိုဒ်တွေမှာ ဇော်ဂျီနဲ့ ရေးရေး ယူနီကုဒ်နဲ့ရေးရေး ဘာနဲ့ရေးရေး ရေးလို့ရပြီး ကြည့်တဲ့သူ ဘက်ကလည်း ဘာနဲ့ကြည့်ကြည့် ကြည့်လို့ရအောင် လုပ်ပေးထားတဲ့ WordPress plug in တစ်ခုပါ။

https://wordpress.org/plugins/myanmar-unipress/

 

Virama-JS

မြန်မာစာတွေကို Server မှာသိမ်းဖို့ (post, put)  Request တွေ မပို့ခင် User ရဲ့ browser မှာသုံးထားတဲ့ ဖောင့်ကို စစ်ပြီး ဇော်ဂျီသမားရိုက်ထားတဲ့ စာဆိုရင် ယူနီကုဒ်ပြောင်းပြီးမှ ပို့ဖို့နဲ့ edit လုပ်တဲ့အခါမှာ အသုံးပြုက ဇော်ဂျီသမားဆိုရင် edit လုပ်မဲ့ စာတွေကို ယူနီကုဒ်ကနေ ဇော်ဂျီပြောင်းပြီး input/textarea ပေါ်တင်ပေးတာမျိုးတွေသုံးဖို့အတွက် လုပ်ထားတဲ့ javascript library လေးတစ်ခုပါ

https://thixpin.github.io/Virama-JS/