Myanmar Unicode Dictionary On Mac

Mobile အသုံးပြုသူများ အနေနှင့် iOS နှင့် Android နှစ်မျိုးစလုံးအတွက် “Ornagai” အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ကောင်းစွာ ကြားဖူး၊ အသုံးပြုဖူး ကြပါလိမ့်မည်။ Developer ကိုစေတန် ရေးသားပေးထားတဲ့ “Ornagai” အဘိဓာန်မှာ Mac အတွက် ယခင်က ‘ဇော်ဂျီ’ ဗားရှင်းနဲ့သာ ရှိနေခဲ့ပြီး၊ ယခုအခါ မြန်မာယူနီကုဒ်ဗားရှင်း အနေနှင့် ထပ်မံ၍ ပံ့ပိုးပေးထားပါတယ်။

အဆိုပါ “Ornagai” အဘိဓာန်ကို Mac တွင် ထည့်သွင်းပြီး Safari, iBook တို့မှ ဖတ်ရှုသမျှ အင်္ဂလိပ်စာများကို မြန်မာဘာသာ အဖြစ် အနက်အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းချက်များကို ယူနီကုဒ်စနစ်ဖြင့် ဘာသာပြန်ပေးနိုင်ပါလိမ့်မည်။

₪ Download Unicode Ornagai Dictionary (DropBox)

၁။ Download ဆွဲပြီးနောက် ရရှိလာသော Dictionary file ပေါ်တွင် Right Click နှိပ်ပြီး Copy လုပ်ပါ။

၂။Finder ကိုဖွင့်၍ Machintosh HD > Library > Dictionaries လမ်းကြောင်းအတိုင်း သွားပါ။

၃။Dictionaries folder ထဲတွင် Right Click နှိပ်ကာ Paste လုပ်ချလိုက်ပါ။

၄။Admin Password တောင်းပါက Mac သို့ ဝင်သည့် Password ကို ရိုက်သွင်းပေးပါ။

၅။Spotlight search ကိုဖွင့်ကာ Dictionary ဟု ရိုက်ပြီး ဖွင့်ပါ။

၆။Dictionary ရဲ့ Preferences ကို ဖွင့်ပါ။

OrnagaienUnicode ကို ရှာဖွေပြီးနောက် အမှန်ခြစ်လေးပေးလိုက်ပါ။ Dictionary App ကို ပိတ်နိုင်ပါပြီ။

OS X ရဲ့ Safari Web Browser, iBook တို့တွင် မြန်မာဘာသာဖြင့် အလွယ်တစ်ကူ ဘာသာပြန်ပေးရန်၊ သိရှိလိုသော အင်္ဂလိပ်စာလုံးကို Trackpad ပေါ်တွင် လက်သုံးချောင် ပုတ်ကာ (သို့) လက်တစ်ချောင်းနှင့် Force Click လုပ်ကာ ကြည့်ရှု့နိုင်ပါတယ်။

Trackpad တွင် ဝင်ရောက်ပြင်ဆင်ရန်..
Apple iCon > System Preferences.. ကို ဖွင့်ပြီး Trackpad ကို ရွေးချယ်ပါ။

ထို့နောက် Point & Click အောက်ရှိ “Look up” (သို့) “Look up & data detectors ကို အမှန်ခြစ် ရွေးပေးလိုက်ပါ။

အခုဆိုရင် မိမိသိလိုသော English စာလုံးပေါ်သို့ mouse cursor ကိုတင်ပြီး လက်သုံးချောင်းဖြင့်၊ (Force Click ပါသော မော်ဒယ်မြင့် Mac တွင် လက်တစ်ချောင်းဖြင့် Force Click) Trackpad ပေါ်သို့ ထောက်ပြီး မြန်မာဘာသာနှင့် စကားလုံး အနက်အဓိပ္ပါယ်ကို ယူနီကုဒ်စာလုံးများနှင့် တွေ့မြင်ရပါမည်။

  • Safari Web Browser တွင်

  • iBook App တွင်

Thanks To : ကိုစေတန် (Ornagai ဖန်တီးသူ)
Credit To : ကိုဖြိုးသက်ဇော် ကို နေဇာအောင် ရေးသားထားသော tutorial ကို ပြန်လည် ဖြည့်စွက်ဝေမျှသည်။