ဖိုင်ဆိုဒ်ကြီးသော MS Excel ဖိုင်တို့ကို ဇော်ဂျီမှ ယူနီကုဒ်သို့ WINRAR software နှင့် Rabbit Converter သုံး၍ ပြောင်းခြင်း
>> ကွန်ပျူတာပေါ်မှာ WinRAR ဆော့ဝဲကို ဖွင့်ပါ။
>> WinRAR ထဲမှာ ဇော်ဂျီမှယူနီကုဒ်သို့ပြောင်းလိုသော Excel ဖိုင်ကို select ပေး၍ ဖွင့်ပါ။
>> ထိုအခါ ဖိုလ်ဒါ သုံးခု (_rels, docProps, xl) နှင့် [Content_Types].xml တို့ကို တွေ့မည်။ xl ဖိုလ်ဒါကို ဖွင့်ပါ။
>> xl ဖိုလ်ဒါထဲမှ sharedStrings.xml ဖိုင်ကို အပြင်သို့ ရွှေ့ပါ ( Desktop ပေါ် ကော်ပီကူး ရွှေ့ပါ။)
>> Desktop ပေါ်မှ sharedStrings.xml ကို Right click နှိပ်၍ ပေါ်လာသော Menu မှ Edit ကို နှိပ်ပါ ( Open with ‘Notepad’)
>>Notepad ထဲမှ စာသားအားလုံးကို select all လုပ်၍ cut (ctrl+ X)ပါ။
>>Browser( Firefox) မှာ www.rabbit-converter.org/Rabbit/ ကို ဖွင့်ပါ။
>> Notepad ထဲမှ Select All & Cut လုပ်၍ ယူထားသည်ကို Rabbit Converter ၏ Zawgyi ဘက်ခြမ်းမှ (Text Box) တွင် Paste ချပါ။
>> Rabbit Converter ၏ Unicode ဘက်ခြမ်းမှာပေါ်လာသော စာသားအားလုံးကို ကော်ပီယူပါ။
>> ခုနက Notepdad ထဲတွင် Paste ပြန်ချ၍ save ပါ။ ထိုအခါ Desktop ပေါ်တင်ထားသော sharedStrings.xml ထဲမှ စာများသည် ယူနီကုဒ်ဖြင့် ပြောင်းသိမ်းပြီးဖြစ်သည်။
>> Desktop ပေါ်မှ sharedStrings.xml ဖိုင်ကို WINRAR ပေါ်မှာ ဖွင့်ထားခဲ့သော sharedStrings.xml နေရာမှာ အစားထိုးပါ။ (ok) နှိပ်ပါ။..
>> WinRAR ထဲမှ ပြန်ထွက်ပါ။..
>> Excel ကို ဖွင့်ပါ။ ခုနက Excel ဖိုင်ကို ဖွင့်ပါ။ ယူနီကုဒ်ပြောင်းပြီးဖြစ်နေပါလိမ့်မည်။
>>Excel /Font တွင် ယူနီကုဒ်ဖောင့်တစ်ခုခု သုံးထားဖို့တော့လိုအပ်ပါမည်။
>>># Desktop ပေါ်မှ sharedStrings.xml ဖိုင်ကို ဖျက်ပြီးမှ နောက်ထပ် excel ဖိုင်ကို ပြောင်းဖို့ ကြိုးစားပါ။
Credit Myo KyawZinThant
@your own risk!!!