Apple iPhones, iOS and MyanmarUnicode အသုံးပြုနည်း အစ အဆုံး

For iOS 13

Setting >> General >> Profile အောက်က Zawgyi profile ကိုဖျက်လိုက်ပါ။
Setting >> General >> language&Region >> add language >> Burmese ကိုထည့်ပါ။ Burmese အောက်မှ ရွေးစရာ ၂ ခုပါပါတယ်။ Standard Recommended ကိုရွေးပေးထားတာသေချာပါစေဗျ။ (settings အကုန်လုံးကို မြန်မာလို မသုံးချင်ရင်တော့ prefer English ကိုနှိပ်ပေးပါ)

ပြီးရင် ttKeyboard ရဲ့ Setting ထဲကနေ Zawgyi လက်ကွက်ကိုဖျက်ပြီး MyanSan or ZawCode(Unicode) ကို add လိုက်ရင်ရပါပြီ။

ios13 မှာဆိုရင်တော့ မြန်မာကီးဘုတ်ပါပြီးသားပါ သုံးချင်ရင်တော့ keyboard ထဲကနေရှာပြီးထည့်လိုက်ပါ။

video tutorial >> https://youtu.be/DKmL8MPSZ0E
or

Contact တွေကိုယူနီကုဒ်ပြောင်းဖို့အတွက်က ပြောင်းကွန်ဗာတာကိုသုံးပါ
သတိ**ပြောင်းတဲ့အချိန်မှာ တစ်ခါပဲနှိပ်ပြီး ခဏစောင့်ပါ ထပ်ခါထပ်ခါနှိပ်မိရင် ယူနီမဟုတ်ဇော်ဂျီမဟုတ်တွေဖြစ်သွားပါလိမ့်မယ်**
PYAUNG by Hein thet Khin zaw >>> https://apple.co/2L2XXdh

Note တို့ဘာတို့မှာ ယူနီကုဒ်ပြောင်းဖို့ ttKeyboard မှာ ကွန်ဗာတာပါလာပါပြီ ဖွင့်နည်းနဲ့ အသုံးပြုပုံကို ပြထားတဲ့ video ကိုဒီ link မှာသွားကြည့်ပါ >>>> http://bit.ly/2k0cj3v
or

For iOS 12

Font

မည်သည့် Font Profile မှမရှိရင် Unicode font ဖြစ်ပါတယ်။

Keyboard

ယူနီကုဒ်စာရိုက်ရန် Keyboard တစ်ခုရှိရပါမယ်။ TTKeyboard ကိုနမူနာပြပေးပါမယ်။ TTKeyboard ကို Apple App Store မှ ရယူရန်။

ttKeybaord မှာ လက်ကွက် အများကြီးထောက်ပံ့ပေးထားပါတယ်။ MyanSan သို့မဟုတ် ZawGyi အတိုင်း input လုပ်လို့ရတဲ့ Zawcode(Unicode) ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

iOS တွင် ယူနီကုဒ် အသုံးပြုနည်း ဗီဒီယို

Video credit to TT Keyboard

**မြန်မာပြည်တွင်းရှိနေသူများ Facebook, Messenger တွင် စာမမှန်ပါက Version Update လုပ်ပေးပြီး Logout/Login ပြန်လုပ်ပေးပါ။ Messenger အတွက် အောက်ပါပုံအတိုင်းလုပ်ပေးပါ။

 

ttKeyboard ကိုဖွင့်ကာ အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်ပေးပါ။

Permissions ‌တွေကိုဖွင့်ပေးရပါမယ်။

 

ကီးဘုဒ်ထည့်ရပါမယ်။

မြန်စံ ကိုရွေး‌ပေးရပါမယ်။ ‌( ဇော်ကုဒ် ဆိုတာက ယူနီကုဒ်ကို ‌ဇော်ဂျီရိုက်နည်းအတိုင်း ရိုက်၍ရသောကီးဘုဒ်ဖြစ်သော်လဲ မြန်မာစာ‌ရေးသားပုံ အမှားဖြစ်၍ မသုံးသင့်ပါ )

 

iOS 12 ‌အောက်တွင် ‌ဖောင့်ထည့်ရပါမည်။

ပြည်ထောင်စု ၂.၅.၃ ကိုရွေး‌ပေးရပါမယ်။


For iOS 8 မှ 10 အထိ

Font

Two ways to add font profiles.

Manual

Unicode Font Profiles for iOS ကို Safari Browser သုံး၍ ဒေါင်းလုပ် လုပ်ပါ။

Using Keyboard App

iOS 12 လုပ်နည်းအတိုင်းလုပ်နိုင်ပါတယ်။


For iOS 7 and older

iPhone 4S နှင့် iOS 7 အောက်ဆိုလျှင် jailbreak လုပ်၍ ယူနီ ထည့်နိုင်သည်။


Do I have Zawgyi on my iPhone?

ဇော်ဂျီ profile ရှိလျှင် ယူနီကုဒ် မမှန်နိုင်ပါ။ ဒါကြောင့် ZawGyi font Profile ကိုဖျက်ပစ်ရပါမယ်။

Settings >> General >> Profiles သို့သွားကာဖျက်ပါ။