စာလုံးဆင့်တွေ ရိုက်တဲ့ အခါ ဘယ်လို ရိုက်ရမလဲ မသိရင် ကိုယ်ရိုက်မယ့်စာလုံး ဗျည်းနဲ့သရကို တွဲစပ်ပြီး စဉ်းစားကြည့်ရင်လွယ်ပါတယ်
ဥပမာ – အင်္ဂါ
အင်္ဂါမှာ (အင်) ပြီးမှ (ဂငယ်)ကို (င် ) အောက်က သွားဆင့်တာပါ
အဲဒီတော့ (အင်) ကိုရိုက် ဆင့်ချင်တဲ့ စာလုံးကို ( ္ )
ခံပြီးရိုက်လိုက်ရင် သူနဲ့ ဆိုင်ရာသရကို တွဲပေါ့
(အ)+(င)+(ြ )+( ျ )+ (ဂ)+(ါ )
ဥပမာ – သင်္ကြန်
(င် )က ရှေ့က (သ) နဲ့ဆိုင်တဲ့ အတွက် (သ+င်) ပေါ့
(သင်)ကို ပြီးအောင် ရိုက်ပြီးတော့မှ ဆင့်မယ့် (ကြန်)ကို ( ္ )
(က ) ရိုက်ပြီး (ြ ) ထည့် (န် )သတ်လိုက်ရင် သင်္ကြန်ပါပဲ
အလားတူ
အိန္ဒြာကျော်ဇင်
ဒီမှာ ( ြ ) ထဲက ( န် )သည် ရှေ့က (အိ) ရဲ့ အသတ်ပါ ( ြ) သည် (ဒ) နဲ့သာ ဆိုင်ပါတယ်
ဒါကြောင့်မို့ (အိ)ကိုရိုက် (နငယ်) ရိုက် (နငယ်အောက်မှာ ဒ ရှိတဲ့အတွက် အသတ်မထည့်ရ) ပြီးရင် ( ္ ) ခံပြီး (ဒဒွေး) ကိုရိုက်ပါ ( ြ) သည် (ဒဒွေး)နဲ့ ဆိုင်တဲ့ ( ဒြာ) အတွက်ဖြစ်တာကြောင့် ( ဒဒွေး)ရိုက်ပြီး (ြ ) ရိုက်ရုံပါ ပြီးတော့ ( ာ ) တပ်ရင် အိန္ဒြာကျော်ဇင်ဖြစ်ပါတယ်
နောက် – တနင်္လာ
(လ) အပေါ်က (င်) သည် ( န) နဲ့ သာဆိုင်ပါတယ်
ဒါကြောင့် (တ )ကိုရေး (နငယ်)ကို ငသတ်ပြီး (နင် )လို့ ပြီးအောင် ရေးရပါတယ်။ ပြီးတော့ (င် )အောက်ချချင်တဲ့ (လ ) ကို ( ္ ) ခံပြီး (လ)ကိုရေး (ာ ) တပ်လိုက်ရင် တနင်္လာ ထွက်ပါတယ်။
ထို့နောက် – ခြင်္သေ့
(သ ) အပေါ်က (င် )သည် (ခြ )ရဲ့ အသတ် ဖြစ်ပါတယ် (ခြင်)လို့ ပြီးအောင်ရေးပါ ပြီးတော့မှ (င် )အောက်မှာ (သေ့) ကို ဆင့် ချင်တာဖြစ်လို့ ခြင်လို့ ပြီးအောင်ရေးပြီး ( ္ ) ခံပြီး (သေ့ ) ကို ရေးရင် ခြင်္သေ့ ဖြစ်ပါတယ်။
ကိုယ်ရေးမယ့် စာလုံး ဗျည်းနဲ့ သရကို ပြည့်စုံအောင်ရေးပြီးမှ ဆင့်ချင်တဲ့ စာလုံးကို ( ္ ) key ခံပြီး ရိုက်ရင် စကားလုံးက ပြည့်စုံပါတယ်။
ဒီ ( ္ ) ကို ဝိရာမ လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ key နေရာအနေနဲ့ F. နေရာမှာ ရှိပါတယ်။ window မှာလည်း F နေရာမှာပါပဲ။ shift နဲ့ တွဲရိုက်ပါတယ်။
ကိုယ်ရေးမယ့် စကားလုံးကို ဗျည်းသရ ပြီးပြည့်စုံအောင် ရေးပြီးမှ ဆင့်ချင်တဲ့ စာလုံးကို ( ္ ) ခံပြီး ဆင့်ရိုက်ပါ။ အဆင်ပြေပါစေ။
Credit – သူရိန်