ယူနီကုဒ်ဆိုတာဘာလဲ?

ယူနီကုဒ်ဆိုသည်မှာ ဘာသာစကားအများပြားအား နည်းပညာပစ္စည်းများမှာ အတူတကွဖော်ပြနိုင်ဖို့ အများလိုက်နာရန် စနစ်တကျသတ်မှတ်ပေးထားတဲ့ စံသတ်မှတ်ချက်တစ်ခု ဖြစ်ပါသည်။ မြန်မာယူနီကုဒ်သည် ယူနီကုဒ်ကွန်ဆိုတီယမ်နှင့် မြန်မာပညာရှင်များပေါင်းစုပြီး စံတခုအနေနဲ့ စနစ်တကျဖြစ်စေရန် သတ်မှတ်ထားတဲ့ ယူနီကုဒ်ရဲ့တစိတ်တဒေသ ဖြစ်ပါသည်။ Font စာလုံးပုံစံ၊ Keyboard ကီးဘုတ်၊ Input Method (စာရိုက်သွင်းနည်းစနစ်) စသည်တို့သည် မြန်မာယူနီကုဒ် မဟုတ်ပါ။ Font ရေးစွဲသူ၊ ကီးဘုတ်ဖန်တီးသူ၊ စာရိုက်သွင်းစနစ်ဖန်တီးသူအားလုံးက မြန်မာယူနီကုဒ်၏စံများကို လိုက်နာရမည်ဖြစ်ပါသည်။ ထိုသို့ လိုက်နာခြင်းဖြင့် မည်သည့်စက်၌ရိုက်ကူးခဲ့သည့်စာဖြစ်စေ၊ မည်သည့် font စာလုံးပုံစံနှင့် စာရိုက်ခဲ့သည်ဖြစ်စေ နေရာတိုင်းမှာ မပျက်မယွင်း ပြောင်းလဲမှုမရှိပဲ မှန်ကန်စွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။ မြန်မာယူနီကုဒ်၏ စံသတ်မှတ်ချက်များကိုလိုက်နာထားသော Font ဖောင့်များစွာရှိပါသည်။ Myanmar3.ttf, Tharlon.ttf, Padauk-book.ttf, Pyidaungsu.ttf, Myanmar Cencus.ttfအစရှိသဖြင့် မြန်မာယူနီကုဒ်၏ စံသတ်မှတ်ချက်ကို လိုက်နာထားသော font ဖောင့်များစွာရှိပါသည်။ မြန်မာယူနီကုဒ်စနစ်အတိုင်း ရိုက်နိုင်သောကီးဘုတ်များမှာ Keymagic, Keyman, Myanmar-custom စသည့် ကီးဘုတ်များဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *