တညီတညွတ်တည်းကူးပြောင်းလာကြတဲ့အသုံးပြုသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်

အောက်တိုဘာလ (၁) ရက်နေ့ မှာ ယူနီကုဒ်ပြောင်းကြမယ်ဆိုတဲ့ အနေအထားမှာ အပြောင်းအလဲကြီးမယ်ဆိုတာသိပေမယ့် အခုလောက်အထိ ပြောင်းလာတဲ့ ရာခိုင်နှုန်းများမယ်လို့ မထင်ထားခဲ့မိဘူး စက်တင်ဘာလ ၃၀ရက်နေ့က စပြီး အခုလက်ရှိအချိန်အထိ သူတို့ရဲ့ စက်မှာ ယူနီကုဒ်မှန်မမှန်ဝင်စစ်တဲ့သူအရေအတွက်က တစ်မိနစ်ကို လေးရာအောက်မဆင်းသေးပါဘူး။
ဒီမနက်ရုံးရောက်ချိန်မှာလည်း တစ်ရုံးလုံးရဲ့ ၄၀% လောက်က ယူနီကုဒ်ပြောင်းပြီးနေကြပါပြီ ကျန်တဲ့ထဲသူတွေကလည်း ကျွန်တော်တို့ကိုလာပြောင်းခိုင်းလို့ပြောင်းပေးလိုက်တာ  အခုဆိုရင် တစ်ရုံးလုံးရဲ့ ၉၀% က ယူနီကုဒ်သုံးနေကြပါပြီ။

အခုလို တညီတညွှတ်တည်း ကူးပြောင်းလာကြတဲ့ အသုံးပြုသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ နောက်ပြီးတော့ ယူနီကုဒ်ဖန်တီးသူတွေနဲ့ နည်းပညာသမားတွေကိုယ်စား ကျေးဇူးအရမ်းတဲ့အကြောင်းလည်း ပြောချင်ပါတယ်။

နောက်ပြီးတော့ တစ်ခုပြောချင်တာက ဘယ်သူတွေဘယ်လိုပြောပြော အသုံးပြုသူတွေက အခက်အခဲတွေကို သည်းခံပြီး လိုလိုချင်ချင်ပြောင်းလာကြလို့သာ ဒီအရွေ့ကဖြစ်လာတာပါ။
ဒါ့ကြောင့် ဒီအရွေ့ဟာ အသုံးပြုသူတွေကြောင့်ဖြစ်တဲ့ အရွေ့သာဖြစ်ပါတယ်။

အတူတကွ ညီညီညာညာ ကူးပြောင်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြကြပါစို့။

4 thoughts on “တညီတညွတ်တည်းကူးပြောင်းလာကြတဲ့အသုံးပြုသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်”

  1. အားလုံးကိုကျေးဇူးတင်ပါတယ်။ ခေတ်မှီသော အနာဂါတ်ဆီသို့ တက်ညီလက်ညီ ချီတက်စို့။

  2. အဆင်မပြေတာလေးတွေရှိရင်မေးမယ်နော်
    အခုတော့ကျွန်မExcel သုံးကြည့်နေတဲ့အထဲမှာInsert commentရှိနေတဲ့နေရာကစာတွေကအရင်ZawgyiOne Fontတွေဘဲဖြစ်နေတော့မမြင်ရဘူးဖြစ်နေတယ်ရှင့်ကျွန်မကအဲ့ဒါကိုUnicode Fontနဲ့မြင်မှအဆင်ပြေမှာမလို့အဲ့ဒါဘယ်လိုပြောင်းရမလဲပြောပြပေးပါရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *