Microsoft Word, Excel, Power Point တွေမှာ .xml ကိုပြင်တဲ့နည်းနဲ့ ယူနီကုဒ်ပြောင်းနည်း

MNLP ကထုတ်တဲ့ကွန်ဗာတာ နဲ့လဲ word နဲ့ excel ကိုယူနီကုဒ်ပြောင်းလို့ရပေမယ် file size ကြီးရင် ပြောင်းမပေးနိုင်တဲ့ ပြဿနာရှိပါတယ် အခုနည်းလေးကတော့ နည်းနည်းအလုပ်ရှုပ်ပေမယ့် အဆင်ပြေပြေ ပြောင်းလို့ရပါတယ်ဗျ နည်းလမ်းလေးကတော့လွယ်ပါတယ် အရင်ဆုံး ကိုယ်ပြောင်းချင်တဲ့ word, excel or power point file ရဲ့  format ကို rename နဲ့ .zip format ကိုပြောင်းပါ ( file format ဆိုတာက word ဆိုရင် .doc or .docx နဲ့ဆုံးပါတယ် အဲ့လိုတွေမမြင်ရရင် folder potion ထဲမှာသွားဖွင့်ပါ ) ပြီးရင် winrar သုံးပြီး extract လုပ်လိုက်ပါ ကိုယ်ပေးထားတဲ့ file နာမည်နဲ့ folder တစ်ခုပေါ်လာပါလိမ့်မယ် အဲ့ဒီ folder ထဲက .xml file တွေမှာဝင်ပြီးပြောင်းရမှာပါ  word, excel or power point တွေမှာ ပြောင်းရမယ့်နေရာတွေမတူလို့ တစ်ခုချင်းစီအတွက် ခွဲရေးလိုက်ပါတော့မယ်

ကိုယ်က Microsoft Word file ကိုပြောင်းနေတာဆိုရင် extract လုပ်လို့ ရလာတဲ့ folder အောက်မှာရှိတဲ့ word folder ထဲမှာ document.xml ဆိုတဲ့ file ရှိပါတယ် အဲ့ဒီ file ကို Notepad or Notepad++ နဲ့ဖွင့်ပြီး အထဲမှာရှိတဲ့ စာတွေကိုအကုန်ကူးပြီး Converter တခုခုမှာ ထည့်ပြီးယူနီကုဒ်ကိုပြောင်းပါ (စာအရမ်းများရင် MCF Web converter  ကိုသုံးပါ ကျန်တာတွေလဲ ရတော့ရမလားမသိဘူး pk Converter ကတော့ စာအရမ်းများရင် အဆင်မပြေဘူး) ပြောင်းပြီးတဲ့စာတွေကို  document.xml ထဲပြန်ကူးထည့်ပြီး save ပါ ပြီးရင် အဲ့ဒီ file ကို zip ပြောင်းထားတဲ့ file ထဲကိုပြန်ထည့်ပြီးတော့ file format ကို .zip ကနေ .docx ပြန်ပြောင်းလိုက်ရင် Word file တစ်ခုလုံး ယူနီကုဒ်ပြောင်းပြီးသားဖြစ်သွားပါပြီ

Power Point ကလဲရှင်းပါတယ် extract လုပ်လို့ရလာတဲ့ folder အောက်မှာရှိတဲ့ ppt folder ရဲ့အောက်က slides folder ထဲမှာရှိတဲ့ slide.xml file တစ်ခုချင်းစီကို Notepad or Notepad++ နဲ့ဖွင့်ပြီး အထဲမှာရှိတဲ့စာတွေကိုအကုန်ကူးပြီး ကွန်ဗာတာ တခုခုမှာထည့်ပြီးပြောင်းပါ ပြောင်းပြီးတဲ့စာတွေကို  slide.xml ထဲပြန်ကူးထည့်ပြီ save ပါ slides folder ထဲမှာရှိတဲ့ slide.xml file တွေအကုန်ပြောင်းလို့ပြီးပြီဆိုရင် zip ပြောင်းထားတဲ့ file ထဲကိုပြန်ထည့်ပြီးတော့ file format ကို .zip ကနေ .pptx ပြန်ပြောင်းလိုက်ရင် Power Point file တစ်ခုလုံး ယူနီကုဒ်ပြောင်းပြီးသားဖြစ်သွားပါပြီ

Excel ကတော့အပေါ် ၂ ခုနဲ့ယှဉ်ရင် နည်းနည်းပိုရှုပ်ပါတယ် extract လုပ်လို့ရလာတဲ့ folder အောက်က xl folder ထဲမှာ sharedStrings.xml မှာ ဝင်ပြီးပြောင်းရတတ်သလို xl folder အောက်က worksheets folder ထဲမှာရှိတဲ့ sheet.xml တွေကိုပြောင်းမှ ရတတ်တာလဲရှိပါတယ် သေချာအောင်အဲ့ဒီ  ၂ နေရာလုံး ပြောင်းပေးလိုက်တာက ပိုအဆင်ပြေပါမယ် ၂ နေရာလုံးပြောင်းပြီးပြီဆိုရင် zip ပြောင်းထားတဲ့ file ထဲကိုပြန်ထည့်ပြီးတော့ file format ကို .zip ကနေ .xlsx ပြန်ပြောင်းလိုက်ရင် Excel file တစ်ခုလုံး ယူနီကုဒ် ပြောင်းပြီးသားဖြစ်သွားပါပြီ

 

 

9 thoughts on “Microsoft Word, Excel, Power Point တွေမှာ .xml ကိုပြင်တဲ့နည်းနဲ့ ယူနီကုဒ်ပြောင်းနည်း”

  1. Kindle paperwhite မှာ unicode support လုပ်ပေမယ့် font rendering ‌ကြောင့်လားမသိဖူး…..အမှန်မမြင်ရပါ….
    အဲ့အတွက်လည်း လုပ်ပေးကြပါအုံး…..

    1. ဒီနည်းက xml file size ဘယ်လောက်ရှိနေရှိနေ အဆင်ပြေပါတယ်

  2. viber မှ အခက်အခဲတွေ့နေပါတယ် zawgyi remover နဲ့ run ပြီးသံုးတာယူနီကုဒ်သံုးတာအဆင်ပြေပါတယ် ကွန်ပျူတာမှာ file အဟောင်းတွကိုပြန်ကြည့်ရန်အတွက် Zawgyi ရှိမှအဆင်ပြေမှာဖြစ်လို့ Zawgyi font ကိုထည့်လိုက်တာနဲ့ Viber မှာ ယူနီကုဒ်မမှန်တော့လို အခက်တွေ့နေပါတယ်ခင်ဗျာ

Leave a Reply