မြန်မာယူနီကုဒ် စာလုံးများ -၃ သရ

လုံးချင်းသရ ဆိုသည်မှာ သရ အဖြစ် သီးသန့်ရပ်တည်နိုင်သော (ဗျည်းနောက် အမြဲလိုက်နေစရာ မလိုသော) သင်္ကေတ ဖြစ်ပါသည်။

မြန်မာစာတွင် ဣ (U+1023)၊ ဤ (U+1024)၊ ဥ (U+1025)၊ ဦ (U+1026)၊ ဧ (U+1027)၊ ဩ (U+1029)၊ ဪ (U+102A) ၇ လုံးရှိပါသည်။ အက္ခရာ “၏” (U+104F) သည် သရ “ဣ” နှင့် အသံထွက် တူသည့် သင်္ကေတ သာ ဖြစ်ပါသည်။

မြန်မာစာ အရေးအသား၏ မိခင်ရေသောက်မြစ်တစ်ခု ဖြစ်သော မွန်ဘာသာအရေးအသားတွင် သရသင်္ကေတ ဣ (U+1023)၊ ဥ (U+1025)၊ ဨ (U+1028)၊ ဩ (U+1029)၊ ဪ (U+102A) တို့ ရှိသည်။ သံရှည်သရများအဖြစ် “ဤ” နေရာတွင် “ဣဳ” (sequence of U+1023 and U+1033) နှင့် “ဦ” နေရာတွင် “ဥု” (sequence of U+1025 and U+102F) တို့ကို အသုံးပြုပါသည်။

လုံးချင်းသရ “ဦ” (U+1026) တွင် သံမြှင့် သင်္ကေတ သုံးပြီး နိုင်ပါသည် (ဥပမာ – ဦး) ။ မွန်စာတွင် လုံးချင်းသရကို မှီခိုသရထပ်ပေါင်းပါသည်။ အက္ခရာ “ဥ” သည် ဗျည်း “အ” နှင့် တစ်ချောင်းငင် ပေါင်းစည်းခြင်း၏ အတိုကောက်ဖြစ်သည်။ အခြားသံပြောင်းသင်္ကေတများ ထပ်ပေါင်း၍ “ဥုံ” (အုံ)၊ “ဥုး” (အူး) အသံထွက်များကို ရေးသားနိုင်ပါသည်။

သို့သော် သရကို အသတ်တင်၍ မရပါ။ ဝိရာမလည်း ပေါင်းလို့မရပါ။ ဗျည်းတွဲနှင့်လည်း မသက်ဆိုင်ပါ။
Phonetic spelling (အသံထွက်စာလုံးပေါင်းပုံ) အရ အသတ်နောက်ဆက် တွဲရေးနိုင်သည့် သရများနောက်တွင်သာ တခါတရံ ဗျည်း+အသတ် သို့မဟုတ် ဗျည်း+ဝိရာမ လိုက်ပါနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *