ကျေးဇူးတင်လွှာ

နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခု (မြန်မာယူနီကုဒ်စံသို့ ကူးပြောင်းအသုံးပြုခြင်း အခမ်းအနား) မှာ ပေးအပ်တဲ့ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို  ကျွန်တော်တို့ သူငယ်ချင်းတစ်စု စင်မြင့်ပေါ်တက်ပြီး Myanmar Unicode Area (MUA) ဆိုတဲ့ အဖွဲ့လေးတစ်ခုရဲ့ ကိုယ်စားလှယ်တွေအဖြစ်နဲ့ ယူဆောင်လာခဲ့ပါတယ်။ ဒါဟာ ယူနီကုဒ်ကူးပြောင်းအသုံးပြုရေးမှာ ဘက်ပေါင်းစုံက ပါဝင်ကူညီခဲ့သူများနဲ့ ယူနီကုဒ်ကို စတင်အသုံးပြုသူတွေ အားလုံးရဲ့ ကိုယ်စား ကျွန်တော်တို့ သွားရောက် ယူဆောင်ပေးခဲ့ကြတာပါ။ ဒီလို အသိအမှတ်ပြုခံရဖို့ ကျွန်တော်တို့ ငါးနှစ်စာ လုပ်နိုင်ခဲ့အောင် အင်အားတွေပေးခဲ့တဲ့ ကျွန်တော့်တို့ရဲ့ ဆရာတွေ/ နောင်တော်တွေကို ဒီစာစုလေးနဲ့ ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။

အမာခံအဖွဲ့ဝင်များ
ဆဲသမျှခံ ဖုန်းဘေအကုန်ခံပြီး ဝိုင်းဝန်းစည်းရုံးပေးနေကြတဲ့ အဖွဲ့ဝင်များ၊ ဂရုထဲမှာ အသုံးပြုသူအသစ်တွေကို လက်တွဲခေါ်နေကြတဲ့ မောင်နှမများ Myanmar Unicode Assistant ပေ့မှာ နေ့မနား ညမအိပ် ကိုယ့်ဖုန်းဘေနဲ့ ကိုယ် အကူအညီ ပေးနေကြတဲ့ ကျွန်တော်ချစ်သော မောင်နှမများ၊ ဗေကီးဘုတ်နဲ့ MUA Converter ကိုဝိုင်းဝန်း ဖန်တီးကြသူများ နှင့် MUA ရဲ့ ပင်တိုင် ဒီဇိုင်နာကြီး ကိုငြိမ်းချမ်း တို့ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။


ကိုငွေထွန်း
ဒီနေ့လို ဖြစ်ရပ်တွေ ဖြစ်လာဖို့ ၂၀၁၄ မှာကထဲက ယူနီကုဒ်နဲ့ ပတ်သတ်တဲ့ နည်းပညာတွေ၊ လိုအပ်ချက်တွေကို ကူညီလမ်းညွှန်ဖြည့်စည်းပေးခဲ့တဲ့ အကိုကြီး ဉာဏ်ကြီးရှင် ကိုငွေထွန်း ကိုကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျာ။

ကိုမောင်ဆန်း

ယူနီကုဒ်နဲ့ ပတ်သက်ပြီး သိလိုသမျှကို သင်ကြားပေးပြီး လူမုန်းမယ့်ကိစ္စဆို သူ့ခေါင်းပေါ် အမြဲယူသွားပေးတဲ့ မြန်မာယူနီကုဒ် စာအုပ်ရေးသားသူ၊ မြန်မာပန်ဂရမ် ဖန်တီးသူ ကိုမောင်ဆန်း ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကိုအိမောင်

ယူနီကုဒ်နဲ့ ပတ်သက်ပြီး အများကြီး ကူညီလမ်းပြပြီး လိုအပ်တာတွေကို အမြဲဖြည့်ဆည်းကူညီပေးခဲ့တဲ့၊ ယူနီကုဒ်ကူးပြောင်းရေး လမ်းစဉ်ရေးစွဲပေးခဲ့တဲ့ ဆရာအိမောင် ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကိုဇော်ထွဋ်

ကျွန်တော်တို့ လူငယ်တွေကို နေရာပေးပြီး MUA အတွက်ဆို အမြဲ အဆင်သင့်ဖြစ်နေတတ်တဲ့ အကိုကြီး ကိုဇော်ထွဋ် ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကိုထွန်းသူရသက်

ကျွန်တော်တို့နဲ့ တွေ့တိုင်း ညီလေးတို့အဖွဲ့ဘာလိုအပ်သလဲမေးပြီး၊ ဘာမှ မလိုပါဘူးဆိုရင်တောင် ဟိုဟာလေးတွေလိုမလား၊  ဒီဟာလေးတွေလုပ်ပေးရမလား မေးပြီး ရှိသမျှ ဘတ်ဂျက်လေးနဲ့ ဖြည့်ဆည်းပေးတတ်တဲ့ အကို ထွန်းသူရသက် ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကိုဝင်စတန်
MUA က ညီတွေဆိုရင် လိုအပ်သမျှကူညီဖြည့်ဆည်းပေးပြီး  VPS တွေ Domain တွေလည်း နှစ်စဉ် ထောက်ပံ့ပေးနေတဲ့ စပွန်ဆာအကိုကြီး ကို Nathan Lei ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကိုမြတ်သွင်
ဝီကီပွဲတိုင်း ယူနီကုဒ်ကို ဘေးတွဲခေါ်တတ်တဲ့/ မြန်မာစာနဲ့ပတ်သက်ပြီး အမြဲလမ်းပြပေးတတ်တဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကျွန်တော်တို့ရဲ့အကိုကြီး ကိုမြတ်သွင် ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ဦးကြည်တိုး
ယူနီကုဒ်ပြောင်းလဲဖို့ နိုင်ငံတော် အတိုင်ပင်ခံထံကို စာတင်ပြီးချိန်ကစပြီး ယနေ့အထိ ကျွန်တော်တို့ဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ အန်ကယ် ဦးကြည်တိုး ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။


ကိုမျိုးထက်

မြန်မာယူနီကုဒ်လက်ကွက် စတစ်ကာတွေ၊ MUA Logo စတစ်ကာတွေ အစရှိသဖြင့် priting တဲ့ ပတ်သက်တာတွေကို အခမဲ့တစ်မျိုး၊ အရှုံးဈေးနဲ့ တဖုံ အမြဲတမ်း ထောက်ပံ့ကူညီပေးတဲ့ ကိုမျိုးထက်( MyoHtet Production ) ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကိုရဲဇာနည်အောင်
မြန်မာယူနီကုဒ်ကီးဘုတ်(တိုင်းရင်သား လက်ကွက်တွေအပါ) ဖြစ်ပေါ်လာဖို့ကြိုးပမ်းခဲ့ရာမှာ စာတွေအများကြီးဖတ်ပြီး ဘာသာဗေဒပိုင်းမှာ အများကြီး ကူညီဖြည့်ဆည်းပေးတဲ့ မန္တလေးက အကိုကြီး ကိုရဲဇာနည်အောင် ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ကျွန်တော် အခုဖေါ်ပြခဲ့တဲ့ထဲမှာ မပါရှိပေမယ့် အခြားကျေးဇူးတင်ထိုက်သူများစွာ (နောက်ကွယ်က လက်မည်းကြီးတွေ :D) လည်း ရှိနေပါသေးတယ် ထိုသူတွေကိုလည်း အများကြီး ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

4 thoughts on “ကျေးဇူးတင်လွှာ”

  1. Unicode ‌‌ပြောင်းနေတာပဲမရဘူး
    HTTPS;//mmunicode.org/check/မှာစစ်တာတော့ yesunicodeသုံးလို့ရနိုင်ပါတယ်တဲ့ အဲ့ဒါ unicodeပြောင်းပြီပြီလားသိခင်ပါတယ်e

    1. ဘယ်စက်အမျိုးအစား၊ စက်ရဲ့ မော်ဒယ်၊ ဘာ OS version ကို ပြည့်ပြည့်စုံစုံ လေး ‌ ပြော ပြပေးပါ ခင်ဗျ

  2. ရသွားပီ ဒါ Unicode နဲ့ရေးထားတာပါ မှန်လားစစ်ပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *