ယနေ့ ၁၅-၉-၂၀၁၉ တနင်္ဂနွေနေ့ တွင် Myanmar Unicode Area က ဦးဆောင်ပြုလုပ်ပြီး MCF: Myanmar Computer Federation မှ နေရာထိုင်ခင်းအတွက် ပံ့ပိုးကူညီပေးမူဖြင့် Unicode Workshop ကို MICT Park Main Build အခန်း ၂၀၅ တွင် နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
Workshop တွင် သံဃာတော်များ၊ ဘကြီး အကြီးအရွယ် သက်ကြီးသူများ၊ လူလတ် လူငယ် မိသားစုများနှင့် ကုမ္ပဏီတစ်ခုလုံးကူးပြောင်းလိုသူများ အယောက် ၅၀ ခန့် ၏ ယူနီကုဒ်ပြောင်းလဲလိုသောဖုန်းများ ကွန်ပျူတာများကို ယူနီကုဒ်ပြောင်းလဲပေးခြင်း၊ အခက်အခဲများကို ရှင်းပြ ဖြေရှင်းပေးခြင်း၊ Tools များပေးခြင်း၊ အသုံးပြုနည်းလမ်းညွှန်းခြင်းများပေးခြင်း စသည့်အကူအညီများကို မြန်မာယူနီကုဒ်ဧရိယာမှ စေတနာ့ဝန်ထမ်း ညီအစ်ကိုမောင်နှမများက မြန်မာယူနီကုဒ်အကူးအပြောင်းတွင် တတ်အားသရော ကူညီခဲ့ကြပါသည်။ ပြောင်းလဲနိုင်သည့်ဖုန်းများစာရင်း၊ ပြောင်းလဲရန်အခက်အခဲရှိသည့်ဖုန်းအဟောင်းများစာရင်းများကိုလည်း မူလစက်ထုတ်လုပ်သူများအား feedback ပေးနိုင်ရန် ပြုစုခဲ့ကြပါသည်။
Facebook Groups, Page များတွင် အွန်လိုင်း ကူညီမှုများအပြင် ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ ကူညီမှုများကိုလည်း နောက်အပတ်များတွင် ဆက်လက်ကူညီသွားမည်ဖြစ်ပြီး နေရာအတိအကျကို ပြန်လည်ကြေညာပေးပါမည်။
မြန်မာယူနီကုဒ်ကူးပြောင်းရေး Myanmar Unicode Migration တွင် မိမိတို့ တတ်အားသ၍ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
#mmUnicode
#WeUseUnicode
#MyanmarUnicodeMigration
သတင်းဓါတ်ပုံများ
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
Suggest to make same kind of workshop in leading shopping centers !