ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် မြန်မာယူနီကုဒ်ဧရိယာမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ကိုမောင်မောင်ဆန်း၊ ကိုအိမောင်၊ ကိုထွန်းထက်အောင်၊ ကိုပိုင်ဟိန်းသူ တို့က ရှင်းလင်းခဲ့ကြပါသည်။ အဆိုပါပွဲ၌ သတင်းမီဒီယာများ၊ MUA အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။ အပြည့်အစုံအား https://www.mmunicode.org/news/conversion-news/mmunicode_request_to_gov/ တွင် ကြည့်ရှု့နိုင်ပါသည်။