www.mmunicode.org ဝဘ်ဆိုဒ် လွင့်တင်ခြင်း

mmUnicode.org website ကို ယနေ့ (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် ၊ တနင်္ဂနွေနေ့) တွင် စတင်ထုတ်လွှင့်ခဲ့ပါသည်။ ကျွန်တော်တို့ mmUnicode.org website ကို MUA groups facebook စာမျက်နှာမှ အဖွဲ့ဝင်များ၏ တောင်းဆိုမှု၊ ဆွေးနွှေးအကြံပေးမှုများကို လက်ခံပြီး အကောင်အထည်ဖော်ဖို့အတွက် စီစဉ်ခဲ့ကြခြင်းဖြစ်ပါသည်။ ဒီပို့စ်မှာ အများဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ ကျွန်တော်တို့ ဒီဝက်ဆိုဒ်နဲ့ လမ်းညွှန် Guide Book ဝဘ်ဆိုဒ်ကို လုပ်ဖြစ်ခဲ့တာပါ။ အားလုံး အကြံပေးကြလို့ ကျေးဇူးအထူးတင်ရှိပါသည်။

တလဝန်းကျင်လောက် အချိန်ယူပြီး ဒီဆိုဒ်ကို တည်ဆောက်ခဲ့ပါတယ်။ လိုအပ်သည်များလည်း ရှိနိုင်လို့ ကျွန်တော်တို့ကို အကြံပေးနိုင်ပါတယ်ခင်ဗျ။ ကိုသော်တိုးဝေ၊ ကို Winston Compunuts တို့အပြင် အရင်ကလည်း ဒီစာမျက်နှာကို ပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါသေးတယ်။ အခုမှ လုပ်ဖြစ်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျေးဇူးတင်ထိုက်သူအားလုံးကို တပေါင်းထဲ ကျေးဇူးတင်ပါသည် ခင်ဗျ။

mmunicode.org မှာ ကျွန်တော်တို့ ယူနီကုဒ်နှင့် ပတ်သက်သော ဆောင်းပါးများ၊ တိုးတက်မှုများ၊ လုပ်ရှားမှုများကို အချိန်နှင့်အမျှ ရေးသားသွားမည် ဖြစ်ပါသည်။ ဒါ့အပြင် မြန်မာယူနီကုဒ် လမ်းညွှန်ကိုပါ ပြုလုပ်ပေးထားပါတယ်။ မြန်မာယူနီကုဒ် လမ်းညွှန်ကတော့ မြန်မာ ယူနီကုဒ် အသုံးပြုပုံ နည်းလမ်းများကို စုစောင်းထားသော ဝဘ်ဆိုဒ်ဖြစ်ပါသည်။ ဒီလမ်းညွှန်မှာ ဝါသနာရှင်များ၊ ပညာရှင်များ စေတနာရှင်များ အားလုံး တတ်အားသ၍ ဝင်ရောက် ရေးသား၊ ပြင်ဆင်၊ ဖြည့်စွက်နိုင်သော Wikipedia ပုံစံမျိုး ပြုလုပ်ထားပါတယ်။ mediawiki ကို ကျွန်တော်တို့ လိုအပ်ချက်နှင့် ကိုက်ညီအောင် ပြင်ဆင်ထားခြင်းဖြစ်ပါသည်။ ဒါကြောင့် ဒီလမ်းညွှန်မှာလည်း အားလုံး အကောင့်တစ်ခု မှတ်ပုံတင်ပြီး ရေးသား၊ ပြင်ဆင်၊ ဖြည့်စွက်ပေးကြပါလို့ တိုက်တွန်းလိုပါသည်။

ဒီဝဘ်ဆိုဒ်ဖြစ်မြောက်ဖို့အတွက် ကို Winston Compunuts က Hosting VPS server ကော Domain ကိုကော sponser ပေးထားပါတယ်ခင်ဗျ။ Server setup and configuration ကို Ko Winston Compunuts၊ ကိုပိုင်းဟိန်းသူ၊ ကိုလမင်းကို၊ ကိုသစ်ပင်၊ ကိုထွန်းထက်အောင်၊ ကိုဆန်းလင်းနိုင်တို့က အဓိက ကူညီလုပ်ဆောင်ပေးထားပါတယ်။ Website အဓိက ရေးသားသူကတော့ ကိုသစ်ပင်၊ ကိုပိုင်ဟိန်းသူ၊ ကိုဆန်းလင်းနိုင်တို့ပါ။ ကျန်သော အားဖြည့် ကူညီသူများကို ကျွန်တော်တို့ အနေနှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ကျွန်တော်တို့ အနေနှင့် လက်ရှိအသုံးပြုသူများ၏ အားကိုယူ၍ နောက်လာမည့် အသုံးပြုသူများ လွယ်ကူ အဆင်ပြေစေရန်နှင့် MUA မှာ အဖွဲ့ဝင်များ၊ တက်ကြွလှုပ်ရှားသူများ၏ ကြိုးစားမှုကို ကျန်ရှိနေစေရန် ရည်ရွယ်ပါသည်။ အားလုံးရဲ့ အားထုတ်မှုတွေကို ဒီဝဘ်ဆိုဒ်နှင့် မြန်မာယူနီကုဒ်လမ်းညွှန်မှာ သိမ်းဆည်း မှတ်တမ်းတင်ထားလိုသော ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အားလုံးရဲ့ အားနဲ့ ကျွန်တော်တို့ မြန်မာတနိုင်ငံသားလုံး ကွန်ပျူတာသုံး မြန်မာစာ စနစ်မှာ အတည်တကျ အဆင်ပြေပြေ သုံးစွဲ နိုင်ရပါစေကြောင်း ဆုတောင်းမျှော်လင့်မိပါတော့သည်။