Deryck Black‎ မှ MSX Converter ကိုဖြန့်ချိ

Microsoft word, excel, powerpoint ဖိုင်တွေကို ဇော်ဂျီ font ကနေ unicode ပြောင်းပေးမယ့် အခမဲ့ windows application တစ်ခုဖြစ်ပါတယ်။ Rabbit Converter ကို အသုံးပြုထားပြီး Python နဲ့ရေးသားထားပါတယ်။ bulk စနစ်ဖြင့် folder လိုက် လွယ်လွယ်ကူကူပြောင်းပေးနိုင်အောင် လုပ်ပေးထားပါတယ်။ လက်ရှိမှာ .docx, .xlsx, .pptx ဖိုင်တွေကို ပြောင်းပေးနိုင်ပါတယ်။

လိုအပ်ချက်အနေနဲ့ windows 7 sp1 နှင့်အထက်၊ C++ Redist Package သွင်းထားဖို့လိုပြီး၊ မရှိသေးပါက အောက်မှာပေးထားတဲ့ link ကနေ သွင်းယူလို့ရပါတယ်။

DOWNLOAD HERE
http://bit.ly/2VpAWon

VISUAL C++ REDISTRIBUTABLE PACKAGES
https://tinyurl.com/msxaddition

CHANGELOGS: V2.0

  • (notepad) .txt , (subtitle) .srt supported
  • anti-virus မှာ false positive ပြနေတာကို ပြင်ထားပါတယ်။
  • စာကြောင်းတွေမှာ font တွေကွာနေတာ မမှန်တာတွေ ပြင်ထားပါတယ်။
  • UI အတွက် clear logs button ထပ်ထည့်ထားပါတယ်။
  • convert လုပ်ပြီးပေမယ့် microsoft office မှာ fontface ပြန်ချိန်းမှ အမှန်မြင်ရတာအတွက် တစ်ခါတည်း မြင်ရအောင် ပြင်ထားပါတယ်။
  • export location အတွက် C:/MSX_OUTPUT ကို default အနေနဲ့ထားပေးထားပါတယ်။
  • convert လုပ်ပြီးတာနဲ့ output folder ကို ပြပေးအောင် လုပ်ထားပါတယ်။

CHANGELOGS: V2.1.1

  • .htm, .html supported
  • fixed plaintext encoding issue

(အသုံးပြုပြီး အဆင်မပြေတာရှိပါက အောက်မှာပြောပြပေးသွားလို့ ရပါတယ်။)

Credit: Deryck Black‎

6 thoughts on “Deryck Black‎ မှ MSX Converter ကိုဖြန့်ချိ”

  1. Convert လုပ်ဖို့ကို Folder ဆောက်ပြီးထည့်နေရတယ် File တခုချင်းရွေးလို့ရရင်ပိုကောင်းမယ်

  2. ၁။ ပထမဆုံး folder ထဲမှာ MS file မဟုတ်တာတွေပါရင် အရင်ဖယ်ထားရပါမယ်။ ဒီအတိုင်း convert လုပ်ရင် အဲ့ဒီ့ဖိုင်နေရာမှာ ထစ်သွားပြီး ကျန်တဲ့ ဖိုင်တွေပါ ဆက်ပြီး convert မလုပ်တော့ပါ။
    ၂။ ပြောင်းချင်တဲ့ ဖိုင်တွေရဲ့ နံမယ်မှာလည်း emoji ပါနေရင် လည်း အဲ့ဒီဖိုင်မှာ ရပ်သွားပြီး ကျန်တဲ့ဖိုင်တွေ ဆက်ပြီး convert လုပ်လို့မရတာ့ပါ။
    ကျွန်တော်ဖိုင် ၃ရာကျော် တပြိုင်နက်တည်း ပြောင်းတာ အပေါ်မှာပြောထားတဲ့ နှစ်ခုကလွဲပြီး ကျန်တာအဆင်ပြေပါတယ်။
    google doc ဖိုင်တွေကို support လုပ်ပါတယ်။

    1. Remark: google doc ကနေ doc ဖိုင်တွေအားလုံးကို ဒေါင်းလုပ်ဆွဲရင် word ဖိုင်format နဲ့ ရပါတယ်။ အဲ့ဒီ့အခါကျမှာ converter နဲ့ zawgyi ကနေ unicode ပြောင်းပါတယ်။

  3. woo…Nice. Thanks you, brother. All works. Thant works better than Unicode Converter software. Now I can change MS office with zawgyi font type to Unicode system files.

Leave a Reply

Your email address will not be published. Required fields are marked *