Pyidaungsu Font နှင့် Keyboard အသုံးပြုနည်း သင်တန်းဖွင့်ပွဲ သို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးတက်ရောက်

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် နိုင်ငံတကာယူနီကုဒ်စံ ISO-10646 နှင့် ပိုမိုကိုက်ညီသည့် Pyidaungsu Font နှင့် Keyboard အသုံးပြုနည်း Awareness Training သင်တန်းဖွင့်ပွဲ တက်ရောက်


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံတကာယူနီကုဒ်စံ ISO-10646 နှင့် ပိုမိုကိုက်ညီသည့် Pyidaungsu Font နှင့် Keyboard အသုံးပြုနည်းများကို သိရှိလေ့လာတတ်ကျွမ်းစေရန် ရည်ရွယ်၍ Awareness Training သင်တန်း ဖွင့်ပွဲအား ယနေ့နံနက် (၉:၃၀) အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နိုင်ငံတော်အစိုးရအနေဖြင့် e-Government စနစ် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-Government ဦးဆောင် ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၈) ခု ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၇-၂-၂၀၁၉) ရက်နေ့မှာ ကျင်းပခဲ့သည့် e-Government ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံတကာစံနှုန်း ISO 10646 သတ်မှတ်ချက်နှင့် ကိုက်ညီသည့် Pyidaungsu Font နှင့် Keyboard သုံးစွဲရန်နှင့် (၁-၄-၂၀၁၉) ရက်နေ့မှ စတင်၍ အစိုးရဌာနများ၌ အသုံးပြုသွားကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှာရှိသည့် ဝန်ထမ်းများအနေဖြင့်လည်း အဆိုပါ Font နှင့် Keyboard လက်ကွက်ပုံစံများကို ရုံးစာရေးသားရိုက်ကူးရာတွင် လက်ရှိအသုံးပြုနေသည့် စနစ်တွေကို ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် ယနေ့ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်ခန်းစာများအား စနစ်တကျ လေ့လာမှတ်သားသွားကြရန်၊ လက်တွေ့လုပ်ငန်းခွင်တွင်လည်း အကျိုးရှိစွာ အသုံးချသွား ရန်နှင့် တတ်မြောက်သွားသည့် သင်ခန်းစာများကိုလည်း ဝန်ထမ်းအချင်းချင်း ပြန်လည်မျှဝေပေး သွားကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း မှာကြားခဲ့ပါသည်။
ယနေ့ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ (၁၀) ဦး၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀) ဦး၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ (၂၀) ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး အလားတူသင်တန်း များကိုလည်း ဝန်ထမ်းအားလုံးတက်ရောက် သင်ကြားနိုင်ရန် ထပ်မံဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


Posted by Ministry of Border Affairs on Wednesday, 6 March 2019

Leave a Reply

Your email address will not be published. Required fields are marked *