ယူနီကုဒ် စံစနစ်သုံး မြန်မာစာစနစ် တစ်နိုင်ငံလုံး ကူးပြောင်းအသုံးပြုသွားမည်

အစိုးရဌာနများ အနေဖြင့် ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းသုံး မြန်မာစာကို မြန်မာ ယူနီကုဒ် (ပြည်ထောင်စုဖောင့်) စနစ်ဖြင့် အောက်တိုဘာလ ၁ ရက်မှ စတင်ကာ အစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များနှင့် ဆက်သွယ်ရေး အော်ပရေတာများက စတင် ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ကွန်ပျူတာသုံး မြန်မာစာ စနစ်ကို အများပြည်သူ သုံးစွဲရ လွယ်ကူစေရန် ရေးဆွဲထား သော ဇော်ဂျီဖောင့်နှင့် ယူနီကုဒ်ဖောင့်များကို သုံးစွဲလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီသော မြန်မာ စာ စံစနစ် ဖြစ်စေရန် အတွက် မြန်မာယူနီကုဒ်(ပြည်ထောင်စုဖောင့်)ကို ပြောင်းလဲအသုံးပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ဒီအရွေ့က အားလုံး ပူးပေါင်းဆောင်ရွက်မှပဲ ပိုပြီး အောင်မြင်မှာပါ။ အခုဆိုရင် စာတခုခု ဖတ်ဖို့ ဇော် ဂျီပြောင်းလိုက် ယူနီကုဒ် ပြောင်းလိုက်ဆိုပြီး ဖြစ်နေရတာ။ အများပြည်သူကို ဒစ်ဂျစ်တယ်စနစ်နဲ့ သတင်းအချက်အလက် ပေးမယ့် ကိစ္စတွေမှာ ယူနီကုဒ်ပဲ သုံးတော့မှာပေါ့”ဟု ဆိုသည်။

 

အပြည့်အစုံဖတ်ရှုရန် ဤနေရာသို့သွားပါ

 

MRTV သတင်းကြေငြာချက်

Leave a Reply

Your email address will not be published. Required fields are marked *