ယူနီကုဒ် သုံးကြစို့

ယူနီကုဒ်လို့ ပြောလိုက်ရင် ယူနီကုဒ်ဆိုတဲ့ နံမည်စိမ်းစိမ်းကြီးကို ဘာမှန်းမသိပဲ ဘာလို့သုံးခိုင်းနေတာလဲ၊ တို့ဘာသာတို့ အခုလည်း အင်တာနက်ပေါ်မှာ စာရိုက်လို့ရတယ် ဖတ်လို့ရတယ်လေ၊ အလကားအလုပ်ရှုပ်လို့ကွာလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်၊ ယူနီကုဒ်အကြောင်း မပြောခင်မှာ စကားဦးအနေနဲ့ ဒစ်ဂျစ်တယ်မြန်မာစာ အကြောင်း အရင်ပြောပါရစေ။ ပုံနှိပ်လုပ်ငန်းများမှာ ခဲစာလုံးနဲ့ ပုံနှိပ်တဲ့ခေတ်ကနေ ကွန်ပျူတာနဲ့ စာစီစာရိုက် ပုံနှိပ်ခြင်းကို ဒစ်ဂျစ်တယ် မြန်မာစာ ခေတ်ဦးလို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာဆိုတာကြီးက ဘာသာစကားတွေကိုမသိပါဘူး။ သူ့အနေနဲ့ အက္ခရာစာလုံးတစ်လုံးကို နံပါတ်တစ်ခု အဖြစ်သတ်မှတ်ပြီး သိမ်းတယ် ပြန်ထုတ်ပေးပါတယ်။ အဲဒီအချိန်ကာလက ကွန်ပျူတာများရဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ်များရှိတဲ့အတွက် မြန်မာစာလုံး များကို အင်္ဂလိပ်အက္ခရာများနဲ့ညီမျှတဲ့ နံပါတ်များနဲ့ သိမ်းဆည်းခဲ့ကြရပါတယ်။ အဲဒီနည်းနဲ့ ကွန်ပျူတာမှာ ရေးသားနိုင်တဲ့ မြန်မာဖောင့်များကို အက်စ်ကီးဖောင့်( ASCII Font) လို့ခေါ်ကြပြီး Read More …

ရာဇဝင်ထဲမှာ ဇော့်ကို ထားခဲ့

ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေ IT Gadget တွေမှာ မြန်မာစာသုံးဖို့ စနစ် နှစ်မျိုးရှိပါတယ်။ ဥပမာ ကြက် လို့ရေး မယ်ဆိုရင်… ကကြီး ရရစ် ကသတ် ကြက် လို့ရေးမလား… ရရစ် ကကြီး ကသတ် ကြက်လို့ ရေးမလား… ဘယ်ဟာ အမှန်လဲ။ စာလုံးပေါင်းသတ်ပုံအတိုင်း အမှန် မရေးသင့်ဘူးလား.. မရေးချင်ဘူးလား။ မြန်မာစာရေးရာမှာ ရရစ်မှာ အသေး နဲ့ အကြီး ရှိပါတယ်။ ခကွေးအတွက် ရရစ်က အသေးပါ..။ ဥပမာ. ခြ.. ဒီလို ခြ … မရပါဘူး…။ ကကြီးအတွက် ရရစ်က အကြီးပါ..ဥပမာ ကြ… ဒီလို…ကြ..မရပါဘူး။ ဒါပေမယ့် နှစ်ခုလုံးဟာ ရရစ်ပါပဲ..။ လုံးကြီးတင်ပါတဲ့ ရရစ် မပါတဲ့ ရရစ်တွေလည်း Read More …

ထိုးခြင်း ရစ်ခြင်း

မြန်မာယူနီကုဒ်ဖေါင့်မှာ ဘာလို့နောက်မှ သဝေထိုးရတာတုံးတို့၊ ဘာလို့နောက်မှ ယရစ်က ရစ်ရတာတုံးတို့ ဘူနေကြတယ်၊ဘယ် လိုထိုးထိုးရစ်ရစ်၊ ဖတ်လို့ရရင်ပြီးတာပဲ၊ခက်ထာက လက်ကွက် ပြဿနာ တက်နေကြတာ၊ ယခင် ယူနီမကုဒ်ဖေါင့်သုံးတဲ့ အချိန် တုန်းကတော့ အရင်ထိုးရ ရစ်ရနဲ့အကျင့်ကပါလာကြတော့ ယူနီ ကုဒ် ကီးဘုတ်အစစ်မှာ ယွင်းကုန်တာ၊ ယခင် ယူနီမကုဒ်တဲ့ကီး ဘုတ်အတိုင်း အရင်ထိုး အရင်ရစ်ချင်လည်းရနေတာပဲ .. ဒါပေ မယ့် ဘာနဲ့တူနေသလဲဆိုတော့ မိုက်ခရိုဆော့ ဝင်းဒိုးသုံးနေရာ ကနေ မက်ကင်းတော့ပြောင်းသုံးတော့ ယူဇာအင်တာဖေ့ကြီးက စိမ်းနေတော့ dual os တင်ပြီး မက်ပေါ်မှာ ဝင်းဒိုးတင်သုံးနေ ကြတဲ့ ဘောဇိတွေလိုဖြစ်နေတာ 😀 – တကယ်တော့ လက်ရှိအများသုံးနေကြတဲ့ ယူနီမကုဒ် ဖေါင့်သုံး နေရာကနေ ယူနီကုဒ် ပြောင်းသုံးခြင်း မသုံးခြင်းက ၂မျိုးသတ် Read More …

ဝိရာမ

ဝိရာမ (Virama) ဆိုတဲ့ အသုံးကို ယူနီကုဒ်စတင် သုံးမှ ကြားဖူးပါတယ်။ ဝိရာမ ဆိုတာ တကယ်တော့ မြန်မာ အပါအဝင် ဗြဟ္မီပွား အက္ခရာတွေမှာ အသုံးပြုကြပါတယ်။ မြန်မာ ဘာသာ အားဖြင့် ဝိရာမကို အသတ် (် ) လို့ ခေါ်ပါတယ်။ ဝိရာမ (विराम) ဆိုသည်မှာ သက္ကတဘာသာဖြင့် ရပ်တန်ခြင်း၊ အဆုံးသတ်ခြင်း၊ အဆုံးဟု အဓိပ္ပာယ်ရပါသည်။ မြန်မာ ဘာသာဖြင့် အသတ် ဟု အဓိပ္ပာယ်ရပါသည်။ ဝိရာမ (အသတ်) ဆိုသည်မှာ သတ်ခြင်း၊ ရပ်တန့်ခြင်း ဖြစ်ပါသည်။ ဘာကို သတ်သနည်း? သရသံကို သတ်ပါသည်။ ဘာသရကို သတ်သနည်း? ‘အ’ သရသံကို သတ်ပါသည်။ မည်သည့် ‘အ’သရကို သတ်သနည်း? Read More …

ပါဌ်ဆင့် အသတ် ကင်းစီး

”အင်း … မြန်မာစာဆရာကြီးကို ကတ်သီးကတ်သတ် မေးသလိုများဖြစ်နေ မလားမသိဘူး။ မေးစရာတစ်ခု ပေါ်လာလို့ကွ” ”ဘာမေးမလို့လဲ။ အမိန့်ရှိစမ်းပါဦးဗျာ။ ကျွန်တော်ဖြေနိုင်ရင်လည်း ဖြေရမှာပေါ့” အိမ်ကိုအလည်ရောက်လာသော သူငယ်ချင်းက စကားစသည့်အတွက် ကျွန်တော်က ခပ်သောေ သာကလေး ပြောလိုက်သည်။ ”သြော် …ခုပဲ ပြက္ခဒိန် ကြည့်နေရင်း မေးစရာပေါ်လာတာပါ။ နေ့နာမည်တွေမှာ ”တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ”ဆိုတဲ့နေ့နာမည် တွေက စာလုံး အပေါ်မှာ ငသတ်သေးသေး ကလေးတွေ တင်ပြီးရေးတာ ဘာကြောင့်လဲလို့ သိချင်လို့ပါ သူငယ်ချင်းရာ။ အဲဒီလို အ ပေါ်မှာမတင်ဘဲ ဟောဒီလိုရိုးရိုးပဲရေးလို့ မဖြစ်ဘူးလားကွာ” သူငယ်ချင်းက ပြောပြောဆိုဆို စာရွက် တစ်ရွက်ယူပြီး ဘောပင်နှင့်ရေးပြသည်။ ”တနင်းဂနွေ၊ တနင်းလာ၊ အင်ဂါ”… တဲ့။ သူရေးပြသော စာလုံးတွေကို ကြည့်ပြီး ”ဟုတ်ပါတယ် Read More …

ယူနီကုဒ်ဆိုတာဘာလဲ?

ယူနီကုဒ်ဆိုသည်မှာ ဘာသာစကားအများပြားအား နည်းပညာပစ္စည်းများမှာ အတူတကွဖော်ပြနိုင်ဖို့ အများလိုက်နာရန် စနစ်တကျသတ်မှတ်ပေးထားတဲ့ စံသတ်မှတ်ချက်တစ်ခု ဖြစ်ပါသည်။ မြန်မာယူနီကုဒ်သည် ယူနီကုဒ်ကွန်ဆိုတီယမ်နှင့် မြန်မာပညာရှင်များပေါင်းစုပြီး စံတခုအနေနဲ့ စနစ်တကျဖြစ်စေရန် သတ်မှတ်ထားတဲ့ ယူနီကုဒ်ရဲ့တစိတ်တဒေသ ဖြစ်ပါသည်။ Font စာလုံးပုံစံ၊ Keyboard ကီးဘုတ်၊ Input Method (စာရိုက်သွင်းနည်းစနစ်) စသည်တို့သည် မြန်မာယူနီကုဒ် မဟုတ်ပါ။ Font ရေးစွဲသူ၊ ကီးဘုတ်ဖန်တီးသူ၊ စာရိုက်သွင်းစနစ်ဖန်တီးသူအားလုံးက မြန်မာယူနီကုဒ်၏စံများကို လိုက်နာရမည်ဖြစ်ပါသည်။ ထိုသို့ လိုက်နာခြင်းဖြင့် မည်သည့်စက်၌ရိုက်ကူးခဲ့သည့်စာဖြစ်စေ၊ မည်သည့် font စာလုံးပုံစံနှင့် စာရိုက်ခဲ့သည်ဖြစ်စေ နေရာတိုင်းမှာ မပျက်မယွင်း ပြောင်းလဲမှုမရှိပဲ မှန်ကန်စွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။ မြန်မာယူနီကုဒ်၏ စံသတ်မှတ်ချက်များကိုလိုက်နာထားသော Font ဖောင့်များစွာရှိပါသည်။ Myanmar3.ttf, Tharlon.ttf, Padauk-book.ttf, Pyidaungsu.ttf, Myanmar Cencus.ttfအစရှိသဖြင့် မြန်မာယူနီကုဒ်၏ Read More …

ရာဇဝင်ထဲမှာ ဇော့်ကိုထားခဲ့…

ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေ IT Gadget တွေမှာ မြန်မာစာသုံးဖို့ စနစ် နှစ်မျိုးရှိပါတယ်။ ဥပမာ ကြက် လို့ရေး မယ်ဆိုရင်… ကကြီး ရရစ် ကသတ် ကြက် လို့ရေးမလား… ရရစ် ကကြီး ကသတ် ကြက်လို့ ရေးမလား… ဘယ်ဟာ အမှန်လဲ။ စာလုံးပေါင်းသတ်ပုံအတိုင်း အမှန် မရေးသင့်ဘူးလား.. မရေးချင်ဘူးလား။ မြန်မာစာရေးရာမှာ ရရစ်မှာ အသေး နဲ့ အကြီး ရှိပါတယ်။ ခကွေးအတွက် ရရစ်က အသေးပါ..။ ဥပမာ. ခြ.. ဒီလို ခြ … မရပါဘူး…။ ကကြီးအတွက် ရရစ်က အကြီးပါ..ဥပမာ ကြ… ဒီလို…ကြ..မရပါဘူး။ ဒါပေမယ့် နှစ်ခုလုံးဟာ ရရစ်ပါပဲ..။ လုံးကြီးတင်ပါတဲ့ ရရစ် မပါတဲ့ ရရစ်တွေလည်း Read More …

Myanmar3 Vs ပြည်ထောင်စု

ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယအကြိမ် E-Government လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတဲ့ မိန့်ခွန်းထဲမှာ “ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါ ကြောင်း၊ အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန် လိုအပ်ပါကြောင်း “ လို့ ပြောသွားခဲ့ပါတယ်။ လူအတော်များများက ယူနီကုတ်၊ဇော်ဂျီ ၊ မြန်မာ၃ တွေနဲ့ ရင်းနှီးနေကြပေမယ့် ပြည်ထောင်စု ဆိုတဲ့နာမည်ကိုတော့ အခုမှစပြီး ရင်းနှီးကြတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီ Read More …

အင်တာနက်ပေါ်က မြန်မာစာစနစ်

ယနေ့ခေတ် အင်တာနက်တွင် အသုံးပြုနေသော မြန်မာစာစနစ်တွင် “ဇော်ဂျီ” နှင့် “မြန်မာယူနီကုဒ်” ဟူ၍ စနစ် နှစ်မျိုး ကွဲလျှက် ရှိပါသည်။ ဇော်ဂျီ အသုံးပြုသူများမှာ ၈ဝ ရာခိုင်နှုန်းကျော် ရှိနေပြီး မြန်မာယူနီကုဒ်စနစ် အသုံးပြုသူမှာ ၂ဝ ရာခိုင်နှုန်းခန့် ရှိပါသည်။ စနစ်နှစ်ခုကြားက ပြဿနာ ဇော်ဂျီ နှင့် ယူနီကုဒ် စနစ်နှစ်ခုတွင် တစ်ခုကို အသုံးပြုပါက နောက်တစ်ခုနှင့် ရေးသားထားသော စာများကို ဖတ်ရှုရာတွင် မှန်ကန်စွာ မပြနိုင်ခြင်း ပြဿနာ ရှိပါသည်။ ထိုသို့ စနစ်နှစ်ခု ကွဲပြားနေမှုကြောင့် မြန်မာနိုင်ငံ နည်းပညာလောက တိုးတက်ပြောင်းလဲရေးကို များစွာ နှောင့်နှေးစေသလို သတင်းအချက်အလက် ဖြန့်ဝေရာတွင်လည်း အခက်အခဲဖြစ်စေပါသည်။ စနစ်နှစ်ခုမှ စနစ်တစ်ခုတည်းဆီသို့ စနစ်နှစ်ခုသည် နည်းပညာအရ မဟုတ်ဘဲ သဘောတရားအရ [Code Read More …

မြန်မာတို့၏ မပြီးနိုင်သေးသော တိုက်ပွဲ

Frontier Myanmar မှ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော Mr. GRIFFIN HOTCHKISS ၏ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။ ဤပို့စ်သည် မူရင်းပို့စ်နှင့် လွဲချော်ပြီး မှားယွင်းသည်များ ရှိပါက ဘာသာပြန်သူ၏ မှားယွင်းမှုသာ ဖြစ်သည်။ ရန်ကုန် မြို့လည်ကောင်က ဖန်တီးရာ မှာ ကျင်းပတဲ့ နည်းပညာ ဆွေးနွေးပွဲတစ်ခုမှာ Michael Suantak က ဇွဲနဘဲ ကြီးစွာ ပြောဆို ဆွေးနွေးနေသည်။ “သူတို့တွေ လူတွေကို မလှည့်စားသင့်ဘူး။ သူတို့ အနာဂါတ်ကို မလှည့်စားသင့်ဘူး” လို့ Mr. Suantak က ပြောနေသည်။ “သူတို့တွေ အခုလောလောဆည်တော့ အရမ်း လူသိများနေမှာပဲ။ ဒါပေမယ့် နောက် လေး၊ ငါးနှစ်နေလို့ လူတွေအားလုံး ဒါကိုသိသွားရင်၊ လူတွေ အရမ်း စိတ်ဆိုးကြလိမ့်မယ်။ Read More …