Myanmar government Unicode implementation directives

NOTE :: This page is written in English intentionally. Please DO NOT translate. Government directives concerning using Myanmar Unicode Standard fonts within Myanmar as well as requirement for imported electronic devices. Mobile Phone import directive – June 8 2018 – Myanmar Version Mobile Phone import directive – June 8 2018 – English Translation Using Unicode Read More …

How autoconverter affect Minority Languages horribly

NOTE :: This page is written in English intentionally. Please DO NOT translate. Preface ::: Major technological providers ( Facebook, Viber, etc ) provide autoconversion services to Myanmar ( and South East Asia region lately as of October 2020 ) from Zawgyi to Unicode encoding. BUT those good intentioned efforts are making people’s lives even Read More …

သတ်ပုံ ကဗျာ

တောတောင်စိမ်းလန်း စိတ်စွဲလမ်း မခွဲစတမ်း နေပါမည်။ အသားမည်းမည်း အသည်းထဲ တစ်ဦးတည်းကို ချစ်ပါမည်။ “မ” ပါလျှင် “ဘဲ” မပါ “ပဲ” ကွဲကွဲပြားပြား ရေးပါမည်။ မကြာမီမှာ လာတော့မှာ မှီခိုရတာ ကောင်းပါသည်။ ကူညီရိုင်းပင်း အချင်းချင်း ချစ်ခင်ခြင်းဖြင့် နေပါမည်။ သတင်းကြေညာ ကြော်ငြာလာ စောင့်နားထောင်ကာ နေရမည်။ မေတ္တာကရုဏာ ကကြီးပါ သေသေချာချာ ရေးရမည်။ အပေါ်ကိုတက် တတ်မြောက်လျှင် “တက်” နှင့် “တတ်”တို့ ကွဲရမည်။ အကျိုးရလဒ် “ဒ”ဒွေးသတ် ဆုလာဘ်ကိုတော့ “ဘ”သတ်မည်။ ခြယ်မှုန်းခြယ်လှယ် ဆောင်းတွင်းဝယ် ချယ်ရီတွေလည်း ပေါပါသည်။ အမှိုက်ပစ်ရာ ပစ်လွတ်ကာ အပြစ်ပေးတာ ခံရမည်။ ကျေးငှက်တွန်ကျူး ယပင့်ကျူး လွန်ကြူးမှုကို ရှောင်ရမည်။ ရေးတော့အမှန် ဖတ်အသံ Read More …

ဗျည်းဖို ဗျည်းမ

မြန်မာဗျည်း ၃၃ လုံးရှိရာမှာ အသံဖြစ်ရာ နေရာ ဌာန်တူရာ ဗျည်းတွေကို ” ဝဂ် ” လို့ခေါ်ပါတယ် ။ အစု လို့အဓိပ္ပါယ်ရပါတယ် ။ ” က ၊ ခ ၊ ဂ ၊ ဃ ၊ င ” တို့ဟာ အသံဖြစ်ရာ ဌာန် တူကြပါတယ် ။ ( အသံဖြစ်ရာ ဌာန်တူတယ် ဆိုတာက အသံထွက်ဖို့ ပါးစပ်အနေအထား တူတာ လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ် ) ယင်းဗျည်း ၅ လုံးအစုကို ဝဂ် လို့ခေါ်ပါတယ် ။ ” က ” နဲ့စလို့ ” ကဝဂ် ” လို့အမည်တွင်ပါတယ် Read More …

မြန်မာစာမှာ စာလုံးဆင့်ခြင်း

မနေ့က စာလုံးဆင့်ရခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ စာပေမှာ အက္ခရာကို ထပ်ပြီး ရေးသားနိုင်တဲ့ ဘာသာစကားက အများကြီးတော့ မရှိပါဘူး။ စားရေးသားဖို့အတွက် အထောက်အပံ့ပစ္စည်းရယ်လို့ မတွင်ကျယ်မီတုန်းက ကျောက်ပြားပေါ်၊ ကြေးပြားပေါ်၊ ပေရွက်ပေါ်မှာ စာတွေကို ရေးသားကြရပါတယ်။ နေရာပေါ်မူတည်ပြီး အက္ခရာတွေကို ဆင့်ပြီး သုံးခဲ့တာတွေ မွေးစားစကားလုံလေးတွေ လေ့လာစရာတွေကတော့ အများကြီးပါပဲ။ စာလုံးဆင့်တယ်ဆိုတဲ့ နေရာမှာလည်း အက္ခရာ အဖိုနဲ့ အမ ဆိုတာ ရှိသေးတဲ့အတွက် ဘာနဲ့ဘာဆင့်ရတယ်၊ ဘယ်အက္ခရာနဲ့ ဘယ်အက္ခရာဆို မဆင့်ရဘူးဆိုတာတွေလည်း တွေ့ရပါတယ်။ စိတ်ဝင်စားမိလို့ ဝီကီပီဒီယာမှာ လိုက်ရှာပြီး ဆက်စပ်နိုင်တဲ့ ဆောင်းပါးလေးတွေကို ကျွန်တော်တို့ လေ့လာရအောင် ဖော်ပြလိုက်ရပါတယ်။ အဲဒီလို ဖော်ပြတဲ့အခါမှာလည်း တချို့အရာတွေ သက်သေ၊ ရှင်းလင်းချက်တွေလည်း လိုအပ်တာမို့ ဆီလျော်တဲ့ ရှင်းလင်းချက်ကလေးတွေကို ကြားညှပ်ထည့်သွင်းထားတာကြောင့် Read More …

တညီတညွတ်တည်းကူးပြောင်းလာကြတဲ့အသုံးပြုသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်

အောက်တိုဘာလ (၁) ရက်နေ့ မှာ ယူနီကုဒ်ပြောင်းကြမယ်ဆိုတဲ့ အနေအထားမှာ အပြောင်းအလဲကြီးမယ်ဆိုတာသိပေမယ့် အခုလောက်အထိ ပြောင်းလာတဲ့ ရာခိုင်နှုန်းများမယ်လို့ မထင်ထားခဲ့မိဘူး စက်တင်ဘာလ ၃၀ရက်နေ့က စပြီး အခုလက်ရှိအချိန်အထိ သူတို့ရဲ့ စက်မှာ ယူနီကုဒ်မှန်မမှန်ဝင်စစ်တဲ့သူအရေအတွက်က တစ်မိနစ်ကို လေးရာအောက်မဆင်းသေးပါဘူး။ ဒီမနက်ရုံးရောက်ချိန်မှာလည်း တစ်ရုံးလုံးရဲ့ ၄၀% လောက်က ယူနီကုဒ်ပြောင်းပြီးနေကြပါပြီ ကျန်တဲ့ထဲသူတွေကလည်း ကျွန်တော်တို့ကိုလာပြောင်းခိုင်းလို့ပြောင်းပေးလိုက်တာ  အခုဆိုရင် တစ်ရုံးလုံးရဲ့ ၉၀% က ယူနီကုဒ်သုံးနေကြပါပြီ။ အခုလို တညီတညွှတ်တည်း ကူးပြောင်းလာကြတဲ့ အသုံးပြုသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ နောက်ပြီးတော့ ယူနီကုဒ်ဖန်တီးသူတွေနဲ့ နည်းပညာသမားတွေကိုယ်စား ကျေးဇူးအရမ်းတဲ့အကြောင်းလည်း ပြောချင်ပါတယ်။ နောက်ပြီးတော့ တစ်ခုပြောချင်တာက ဘယ်သူတွေဘယ်လိုပြောပြော အသုံးပြုသူတွေက အခက်အခဲတွေကို သည်းခံပြီး လိုလိုချင်ချင်ပြောင်းလာကြလို့သာ ဒီအရွေ့ကဖြစ်လာတာပါ။ ဒါ့ကြောင့် ဒီအရွေ့ဟာ အသုံးပြုသူတွေကြောင့်ဖြစ်တဲ့ အရွေ့သာဖြစ်ပါတယ်။ Read More …

ယူနီကုဒ်သုံးကြစို့

ယူနီကုဒ်သုံးကြစို့ ယူနီကုဒ်လို့ပြောလိုက်ရင် ယူနီကုဒ်ဆိုတဲ့နံမည်စိမ်းစိမ်းကြီးကို ဘာမှန်းမသိပဲ ဘာလို့သုံးခိုင်းနေတာလဲ၊ တို့ဘာသာတို့ အခုလည်း အင်တာနက်ပေါ်မှာ စာရိုက်လို့ရတယ် ဖတ်လို့ရတယ်လေ၊ အလကားအလုပ်ရှုပ်လို့ကွာလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်၊ ယူနီကုဒ်အကြောင်းမပြောခင်မှာ စကားဦးအနေနဲ့ ဒစ်ဂျစ်တယ်မြန်မာစာအကြောင်း အရင်ပြောပါရစေ။ ပုံနှိပ်လုပ်ငန်းများမှာ ခဲစာလုံးနဲ့ ပုံနှိပ်တဲ့ခေတ်ကနေ ကွန်ပျူတာနဲ့ စာစီစာရိုက် ပုံနှိပ်ခြင်းကို ဒစ်ဂျစ်တယ် မြန်မာစာ ခေတ်ဦးလို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာဆိုတာကြီးက ဘာသာစကားတွေကိုမသိပါဘူး။ သူ့အနေနဲ့ အက္ခရာစာလုံးတစ်လုံးကို နံပါတ်တစ်ခု အဖြစ်သတ်မှတ်ပြီး သိမ်းတယ် ပြန်ထုတ်ပေးပါတယ်။ အဲဒီအချိန်ကာလက ကွန်ပျူတာများရဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ်များရှိတဲ့အတွက် မြန်မာစာလုံးများကို အင်္ဂလိပ်အက္ခရာများနဲ့ ညီမျှတဲ့ နံပါတ်များနဲ့ သိမ်းဆည်းခဲ့ကြရပါတယ်။ အဲဒီနည်းနဲ့ ကွန်ပျူတာမှာ ရေးသားနိုင်တဲ့ မြန်မာဖောင့်များကို အက်စ်ကီးဖောင့်( ASCII Font) လို့ခေါ်ကြပြီး မြစေတီ၊ ရွှေ၊ ဝင်းမြန်မာ Read More …

Android Q နှင့် မြန်မာစာ

အရင်ဆုံး သိထားရမှာက ဖုန်းတွေ၊ ကွန်ပျူတာတွေပေါ်က မြန်မာစာကို ရေးတာနဲ့ ဖတ်တာ ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ ဖတ်ဖို့က ZawgyiOne.ttf တို့ Pyidaungsu.ttf တို့လို font ဖိုင်တွေရှိမှ၊ သွင်းထားမှ ဖတ်လို့ရပါမယ်။ ရေးဖို့ကတော့ Frozen တို့ Bagan တို့၊ Manic တို့ GBoard တို့ TTKeyboard တို့လို Keyboard App တွေ လိုပါတယ်။ အခုပြောမယ့် ဟာတွေ ဖတ်ဖို့ သင့်ဆီမှာ ဇော်ဂျီနဲ့ ယူနီကုဒ် ကွာခြားပုံကို အနည်းအကျဉ်း သိထားမယ်လို့ ယုံကြည်ပါတယ်။ အခုတလော ဂယက်ရိုက်နေတာက Android နဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ Android Q မှာ ဇော်ဂျီ အထောက်အပံ့ပေးပြီ Read More …

မြန်မာယူနီကုဒ် ခရီးစဉ်

ဇာတ်လမ်းအစ… ကျွန်တော်တို့ ပလန်းနက်ဆိုက်မှာ ဇော်ဂျီဖောင့်ကို စ မိတ်ဆက်တုန်းက ဟာ… ဒီဆိုက် မိုက်တယ်.. မြန်မာလိုရော အင်္ဂလိပ်လိုရော ရေးလို့ရတယ်.. ဇော်ဂျီဆိုတာကလည်း ကမ္ဘာ့အဆင့်မီ ယူနီကုတ်ဖောင့်ဆိုပါလား ဆိုပြီးတော့ စွဲစွဲမြဲမြဲ စသုံးဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဖိုရမ်စွဲပြီး နေ့နေ့ညည အဲမှာပဲ တော်တော် အချိန်ကုန်ခဲ့သေးတယ်။ အဲဒီတုန်းက ခုခေတ်ဖိုရမ်တွေလို အခုရေး အခုတက် မဟုတ်ဘူးဗျ။ အက်မင်တွေ မော်ဒရေတာတွေက တစ်ရက်သုံးကြိမ် စစ်စစ်ပြီးမှ တင်ပေးတယ်။ အဲတော့ သူတို့ ဆင်ဆာလွတ်အောင် ရေးရပြုရတာ တစ်လုပ်၊ သူတို့တင်ပေးတာကို တမျှော်မျှော် မော့ရတာက တစ်လုပ်။ ပလန်းနက်မှာ တစ်နှစ်ကျော်လောက် တောက်လျှောက်ရေးလိုက်သေးတယ်။ အဲဒီတုန်းက ပလန်းနက်ဖိုရမ်မာများဆိုပြီး ဘားလမ်းက မစ္စတာဘရောင်းမှာ ခဏခဏ တွေ့ကြတာ မှတ်မိသေးတယ်။ နံပတ်တစ် ဇော်ဂျီ Read More …

ယူ​နီ​ကုဒ် စာလုံး​စီ​ပုံ – Unicode Encoding

ယူနီကုဒ် အက္ခရာများကို စီစဉ်တဲ့အခါ Logical Order (ဘာသာစကား အသံသဘော) အရ စီစဉ်ရပါတယ်။ အဲဒီအခါ အဓိက ပြဿနာဖြစ်တာက သဝေထိုးပါပဲ။ သဝေထိုးနဲ့ ခခွေးဟာ ဘယ်ညာလှည့်ပုံသာ ကွဲပေမဲ့ ဘယ်သူမှ ဘယ်ကို ခလျှောက်ခွေးနေတာလဲလို့ မပြောကြပါ။ ဘယ်ကို သဝေထိုးနေလဲ လို့သာ ပြောပါတယ်။ ဆိုလိုချင်တာကတော့ သဝေထိုးဟာ သဝေထိုးပြီး ရှေ့ကို ရောက်နေတယ်⁠တယ်လို့ ပြောချင်တာပါ။ မြန်မာစာကို ရှေးလူကြီးတွေက ဒီလိုရေးခဲ့တော့ ထုံးဖြစ်နေသော်လည်း သရကို ရှေ့မှာထားတာ မှားပါတယ်။ နောက်ပြန်ရှင်းပါ့မယ်။ ဟိုးရှေးရှေး ဝင်းဖောင့်၊ စီအီးဖောင့် အစရှိလို့ ဇော်ဂျီဖောင့် ဖြစ်လာတဲ့အထိ Logical Order နဲ့ မစီပါ၊ အမြင်အတိုင်းသာ စီပါတယ်။ ဆိုလိုတာက “ပြောင်း” ဆိုတဲ့ စာလုံးကို Read More …