Myanmar Unicode Area (MUA) ၏ သဘောထားထုတ်ပြန်ချက်

မြန်မာယူနီကုဒ်စံကူးပြောင်းရေးလုပ်ငန်းစဉ်  Myanmar Unicode Area (MUA) ၏ ဆောင်ရွက်ချက်များ နှင့် သဘောထားထုတ်ပြန်ချက် ၁ ။ ကွန်ပျူတာသုံးမြန်မာစာစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစာပေများအရေးကို ရှေးရှုပြီး မြန်မာယူနီကုဒ်စံကူးပြောင်းရေး လုပ်ငန်းစဉ်ကို အစိုးရကဦးဆောင်၍ ဆောင်ရွက်ပေးပါရန် ဇူလိုင်လ (၁၅) ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသို့ စာတင်ခဲ့ပါသည်။ ၂ ။ ဇူလိုင်လ (၂၄) ရက်နေ့တွင် “ကွန်ပျူတာသုံးမြန်မာစာစံစနစ်ကူးပြောင်းရေးဆိုင်ရာကော်မတီ” အစည်းအဝေးကို ပညာရေးဝန်ကြီးဦးဆောင်၍ ခေါ်ယူကျင်းပခဲ့ရာ MUA မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အစိုးရဌာနအားလုံး ယူနီကုဒ်စံစနစ် တစ်မျိုးတည်းကိုသာသုံးစွဲရန် ဆုံးဖြတ်ချက်အပါအဝင် တစ်ပြည်လုံးယူနီကုဒ်စံကူးပြောင်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရန် ဆုံးဖြတ်ချက်များကို အစည်းအဝေးမှ ချမှတ်နိုင်ခဲ့ပါသည်။ ၃ ။ ဇူလိုင်လ (၂၉) ရက်နေ့တွင် MUA မှ ရေးဆွဲထားသည့် ကူးပြောင်းရေးလုပ်ငန်းစဉ်အစီအစဉ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ရေးဆွဲထားသည့် ကူးပြောင်းရေးလုပ်ငန်းစဉ် Read More …

အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုစာတင်ခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပ

ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် မြန်မာယူနီကုဒ်ဧရိယာမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ကိုမောင်မောင်ဆန်း၊ ကိုအိမောင်၊ ကိုထွန်းထက်အောင်၊ ကိုပိုင်ဟိန်းသူ တို့က ရှင်းလင်းခဲ့ကြပါသည်။ အဆိုပါပွဲ၌ သတင်းမီဒီယာများ၊ MUA အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။ အပြည့်အစုံအား http://www.mmunicode.org/mmunicode_request_to_gov/ တွင် ကြည့်ရှု့နိုင်ပါသည်။

www.mmunicode.org ဝဘ်ဆိုဒ် လွင့်တင်ခြင်း

mmUnicode.org website ကို ယနေ့ (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် ၊ တနင်္ဂနွေနေ့) တွင် စတင်ထုတ်လွှင့်ခဲ့ပါသည်။ ကျွန်တော်တို့ mmUnicode.org website ကို MUA groups facebook စာမျက်နှာမှ အဖွဲ့ဝင်များ၏ တောင်းဆိုမှု၊ ဆွေးနွှေးအကြံပေးမှုများကို လက်ခံပြီး အကောင်အထည်ဖော်ဖို့အတွက် စီစဉ်ခဲ့ကြခြင်းဖြစ်ပါသည်။ ဒီပို့စ်မှာ အများဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ ကျွန်တော်တို့ ဒီဝက်ဆိုဒ်နဲ့ လမ်းညွှန် Guide Book ဝဘ်ဆိုဒ်ကို လုပ်ဖြစ်ခဲ့တာပါ။ အားလုံး အကြံပေးကြလို့ ကျေးဇူးအထူးတင်ရှိပါသည်။ တလဝန်းကျင်လောက် အချိန်ယူပြီး ဒီဆိုဒ်ကို တည်ဆောက်ခဲ့ပါတယ်။ လိုအပ်သည်များလည်း ရှိနိုင်လို့ ကျွန်တော်တို့ကို အကြံပေးနိုင်ပါတယ်ခင်ဗျ။ ကိုသော်တိုးဝေ၊ ကို Winston Compunuts တို့အပြင် အရင်ကလည်း ဒီစာမျက်နှာကို ပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါသေးတယ်။ အခုမှ Read More …

ကျောက်ဆည်ဘားကန့်

၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ တွင် ကျောက်ဆည် နည်းပညာတက္ကသိုလ်၌ ကျင်းပသော ဘားကန့်တွင် မြန်မာယူနီကုဒ်ဧရိယာမှ ကိုရဲဇာနည်အောင် မှ “မြန်မာဝီကီပီးဒီးယား အခမဲ့လွတ်လပ် စွယ်စုံကျမ်း” အကြောင်း ဟောပြောခဲ့သည်။