ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပ

၁၇ ဇူလိုင် ၂၀၁၆ ဒီနေ့ ကွန်ပျူတာသုံးမြန်မာစာစံစနစ်အတွက် အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုသည့် စာပေးပို့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲကို MUA က ပါဝင်ပြီး ပြုလုပ်ခဲ့ပါသည်။ ပီကေကွန်ဒို အောက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မှာ ရှိတဲ့ ပန်မြန်မာ ရုံးခန်းမှာ ဒီကနေ့ နေ့လည် ၁နာရီမှာ စတင် ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် ကြော်ငြာ ဒါရိုက်တာ ကိုမောင်မောင်ဆန်းမှ အစိုးရအား စာပို့တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် ဦးဆောင် ရှင်းလင်း ပြောကြားကာ ဘာကြောင့် မြန်မာယူနီကုဒ်စံစနစ်ကို ပြောင်းလဲ အသုံးပြုသင့်ကြောင်းနှင့် မသုံးစွဲပါက ဖြစ်လာနိုင်သည့် အကျိုးအပြစ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှင်းလင်းပွဲ အကြောင်းအရာပါ အချက်များနှင့် ပတ်သက်ပြီး သတင်းမီဒီယာများမှ သိလိုသည်များကို Fairway မှ ဆရာအိမောင်ကလည်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ၂၇ ဧပြီ ၂၀၁၆ Read More …

ကွန်ပျူတာသုံးမြန်မာစာစံစနစ် ကူးပြောင်းသုံးစွဲရေးဆိုင်ရာ ကော်မတီ

ကွန်ပျူတာသုံးမြန်မာစာစံစနစ် ကူးပြောင်းသုံးစွဲရေးဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်း ကွန်ပျူတာသုံးမြန်မာစာ စံစနစ် (သို့မဟုတ်) မြန်မာယူနီကုဒ် စနစ်အား ကူးပြောင်း၊ ပြောင်းလဲ အသုံးပြုရေးအတွက် နိုင်ငံတော်အဆင့်ဖြင့် ဆောင်ရွက်ရန် ကော်မတီ တစ်ခု ဖွဲ့စည်းပြီးစီးကြောင်း သိရပါသည်။ ဒီသတင်းကို ကြားရတာ အလွန်အင်မတန်မှ အားတက်စရာဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံမှာ စနစ်အမျိုးမျိုးနဲ့ သူ့စာ ကိုယ်မမြင်ရ ကိုယ့်စာ သူမမြင်ရ ပြဿနာတွေကို အမြန် ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတော် အဆင့်ဖြင့် ဆောင်ရွက်တော့မည် ဆိုသည့်အတွက် အလွန် ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ဒီကော်မတီ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး မပြောခင်မှာ မြန်မာစာနှင့် ဘာသာစကား ပညာရေးဦးစီးဌာန(ယခင် မြန်မာစာအဖွဲ့ ဦးစီးဌာန) အကြောင်း အရင် ပြောလိုပါသည်။ မြန်မာစာအဖွဲ့ဦးစီးဌာနအား ၂၀၁၅ ခုနှစ် ဧပြီလမှာ ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါသည်။ အဓိက Read More …