MCF Expert Roundtable Discussion on Unicode Migration and Technical Support

e-Government လုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် အစိတ်အပိုင်း တစ်ခု ဖြစ်သည့် Unicode Standard နှင့် Myanmar Language Support on Computer Systems  များပိုမိုကောင်းမွန်စေရန်အတွက်  မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ကြီးမှူး၍ MCF Expert Roundtable Discussion on Unicode Migration and Technical Support အား ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်၊ သောကြာနေ့  နေ့လယ်(၂:၀၀)နာရီ တွင် MICT Park, Conference Hall ကျင်းပပြုလုပ်ခဲ့ပါသည်။

Myanmar3 Vs ပြည်ထောင်စု

ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယအကြိမ် E-Government လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတဲ့ မိန့်ခွန်းထဲမှာ “ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါ ကြောင်း၊ အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန် လိုအပ်ပါကြောင်း “ လို့ ပြောသွားခဲ့ပါတယ်။ လူအတော်များများက ယူနီကုတ်၊ဇော်ဂျီ ၊ မြန်မာ၃ တွေနဲ့ ရင်းနှီးနေကြပေမယ့် ပြည်ထောင်စု ဆိုတဲ့နာမည်ကိုတော့ အခုမှစပြီး ရင်းနှီးကြတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီ Read More …

Pyidaungsu Font နှင့် Keyboard အသုံးပြုနည်း သင်တန်းဖွင့်ပွဲ သို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးတက်ရောက်

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် နိုင်ငံတကာယူနီကုဒ်စံ ISO-10646 နှင့် ပိုမိုကိုက်ညီသည့် Pyidaungsu Font နှင့် Keyboard အသုံးပြုနည်း Awareness Training သင်တန်းဖွင့်ပွဲ တက်ရောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံတကာယူနီကုဒ်စံ ISO-10646 နှင့် ပိုမိုကိုက်ညီသည့် Pyidaungsu Font နှင့် Keyboard အသုံးပြုနည်းများကို သိရှိလေ့လာတတ်ကျွမ်းစေရန် ရည်ရွယ်၍ Awareness Training သင်တန်း ဖွင့်ပွဲအား ယနေ့နံနက် (၉:၃၀) အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး Read More …

Myanmar-3 Font အစား PyiDaungSu Font ကိုပြောင်းလဲအသုံးပြုသင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပြု

e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၇ရက်နေ့ မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ရာတွင် Myanmar-3 Font အစား PyiDaungSu Font ကိုပြောင်းလဲအသုံးပြုသင့်ကြောင်း ပြောကြားခဲ့ပါသည်။ e-Government Master Plan တွင်ပါဝင်နေသည့် အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ပါ ကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် Read More …

“နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ် (ISO-10646)” အား မြန်မာနိုင်ငံ၏ စံအဖြစ် သတ်မှတ် ကျေညာ

အမျိုးသား စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ “နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ် (ISO-10646)” အား မြန်မာနိုင်ငံ၏ စံအဖြစ် သတ်မှတ် ကျေညာလိုက်ပြီ ဖြစ်သည်။ (ရည်ညွှန်း။ ၂၄-၂-၂၀၁၉ နေ့ထုတ် ကြေးမုံ သတင်းစာ) အမျိုးသား စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ "နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ် (ISO-10646)" အား မြန်မာနိုင်ငံ၏ စံအဖြစ် သတ်မှတ် ကျေညာလိုက်ပြီ ဖြစ်သည်။ (ရည်ညွှန်း။ ၂၄-၂-၂၀၁၉ နေ့ထုတ် ကြေးမုံ သတင်းစာ) Posted by MCF: Myanmar Computer Federation on Thursday, 14 March 2019

မြန်မာယူနီကုဒ် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၏ အစည်းအဝေးပြုလုပ်

နေပြည်တော် ဇူလိုင် ၁၉ အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ နိုင်ငံတကာသုံး မြန်မာယူနီကုဒ်စံစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတကာသုံးမြန်မာယူနီကုဒ်စံစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေက e-Government စနစ်ကိုထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် ယူနီကုဒ်သုံး မြန်မာစာစံစနစ်ဆိုင်ရာများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲများကို အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် ပြုလုပ်ခဲ့ပြီးသဘောတူဆုံးဖြတ်ချက်များအရ ကို နိုင်ငံတကာ ISO 10646 အသိအမှတ်ပြု မြန်မာဖောင့်ရေးသား ထုတ်လုပ် ဖြန့်ချိသူများသည် မိမိဖောင့်ကိုယူနီကုဒ်စံစနစ်နှင့်ကိုက်ညီအောင် ရေးသားထုတ်လုပ်ရန်၊ မြန်မာယူနီကုဒ်စံစနစ်ကို ဆောလျင်စွာ စမ်းသပ်ကူး ပြောင်းသုံးစွဲရန်၊ ဦးစားပေးရေးဆွဲရန်လိုအပ်သော စံချိန်စံညွှန်းများကို ဆွေးနွေးဖော်ထုတ်သွားရန်၊ နည်းပညာဆပ်ကော်မတီအနေဖြင့် စတင်ရေးဆွဲရန်ဆုံးဖြတ်ထားသည့် စံချိန်စံညွှန်းများအတွက် အဆိုပြုလွှာပုံစံများကို Read More …

ယူနီကုဒ်ပြောင်းလဲရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲ (၂၀၁၆ ဇူလိုင် ၂၉)

ယူနီကုဒ်ပြောင်းလဲရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ၂၉ ရက်နေ့တွင် အစိုးရဘက်မှ တာဝန်ရှိသူများ၊ မြန်မာကွန်ပျူတာ အသင်းချုပ် (MCF)၊ မြန်မာယူနီကုဒ်ဧရိယာ (MUA) နှင့် အတတ်ပညာရှင်များ စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ ရလဒ်များအနေဖြင့် လူမှုကွန်ယက်များတွင် အငြင်းပွားမှုပုံစံ ဆွေးနွေးမှုများ မပြုလုပ်ကြတော့ရန်၊ ဆွေးနွေးပွဲတက်ရောက်သူများမှ အပြောင်းအလဲ ပြုလုပ်ရန် ထောက်ခံကြောင်း နှင့် တက်နိုင်သည့်နေရာမှ ကူညီကြမည်ဖြစ်ကြောင်း၊ MCF နှင့် MUA တို့မှ တင်ပြသော လုပ်ငန်းလမ်းစဉ် နှစ်ခုကို ပေါင်းစည်း၍ လုပ်ငန်းလမ်းစဉ်တစ်ခုဖြစ်မြောက်အောင်ဆောင်ရွက်တည်းဖြတ်ရန်။ အစရှိသော ဘုံရည်မှန်းချက် သုံးချက် အကြိုညှိနှိုင်းဖြစ်ခဲ့ပါတယ်။ ၎င်းဆွေးနွေးပွဲနဲ့ပက်သက်ပြီး “ဒီအကြိုဆွေးနွေးပွဲဟာ နောက်ထပ် ထိရောက်တဲ့ အရွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲမတိုင်ခင်က အားမလို အားမရမှုတွေ၊ စိတ်ပူပန်မှုတွေ ရှိခဲ့တဲ့အတွက် ပြောမှရမယ့် စကားတွေကို ပြတ်ပြတ်သားသား၊ တည့်တည့်ပဲ Read More …

ကွန်ပျူတာသုံး မြန်မာစာ စံစနစ်ဆိုင်ရာ ဆွေးနွေးပွဲ (၂၀၁၆ ဇူလိုင် ၂၄) ကျင်းပ

  ကွန်ပျူတာသုံး မြန်မာစာ စံစနစ်ဆိုင်ရာ ဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ တွင် တက္ကသိုလ်စိန်ရတုခန်းမ၌ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင် ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်တွင် မြန်မာယူနီကုဒ်ဧရီယာမှ ကွန်ပျူတာသုံးမြန်မာစာစံစနစ်အတွက် အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုသည့်စာ ပေးပို့ခြင်းကိစ္စကို တုန့်ပြန်ခြင်းလည်း ပါဝင်ကြောင်းသိရှိရပြီး၊ ယူနီကုဒ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျယ်ပြန့်စွာ အသုံးပြု ရေး၊ အခက်အခဲများရှိပါက ကူညီ ပေးရေးနှင့် အစိုးရဝန်ကြီးဌာနများ က ဦးဆောင်အသုံးပြုရေး စသည့် အချက်သုံးချက်ကို ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။ ယခုဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးဌာနများနှင့် အစိုးရဌာန ဆိုင်ရာများက ထုတ်ပြန်သည့် သတင်းကြေညာချက်များသည် ဝက်ဘ်ဆိုက်များ၊ Facebook စာမျက်နှာများတွင် ယူနီကုဒ်ဖောင့်ဖြင့်သာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ယူနီကုတ် ဖောင့်ထည့်သွင်းထားခြင်းမရှိ သော ဖုန်းနှင့်ကွန်ပျူတာများ၌ ဖတ်ရှုရန် အခက်အခဲကြုံတွေ့ရ မည်ကို Read More …

မြန်မာယူနီကုဒ်လက်ကွက် sticker များကို ကိုမျိုးထက်ဇော်မှ အခမဲ့ဖြန့်ချိ

ကွန်ပျူတာတွင် မြန်မာယူနီကုဒ် စတင်အသုံးပြုသူများလွယ်ကူအဆင်ပြေစေရန်အတွက် Multimedia Designer တစ်ဦးဖြစ်သူ ကိုမျိုးထက်ဇော် (MyoeHtet Production) မှ မြန်မာယူနီကုဒ် လက်ကွက် စတစ်ကာများ (Myanmar Unicode Keyboard Stickers) ကို အခမဲ့ ဖြန့်ဝေပေးနေပါသည်။ PC laptop များအတွက်စတစ်ကာများသာမက MAC အသုံးပြုသူများအတွက်ပါ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ အရောင်များအနေနဲ့လည်း အသုံးပြုချင်စဖွယ် အရောင်မျိုးစုံထုတ်ဝေပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ နယ်မှ အသုံးပြုလိုသူများအတွက်လည်း၊ မြန်မာယူနီကုဒ်ဧရိယာမှ အဖွဲ့ဝင်များမှာတစ်ဆင့် ဖြန့်ဝေပေးမယ်လို့ သိရှိရပါတယ်။ ကီးဘုတ်မှာ ကပ်ဖို့သာမက ယူနီကုဒ်ကိုသုံးကြစို့ဆိုတဲ့ စာသားလေးပါ ထည့်ပေးထားတာကလည်း သဘောကျစရာပါပါပဲ။ အခုလို စေတနာနဲ့ အခမဲ့ ဖြန့်ဝေပေးတဲ့ ကို မျိုးထက်ဇော်ရဲ့ စေတနာကို လေးစားအားကြတဲ့ အတွက်၊ ကျွန်တော်တို့ မြန်မာယူနီကုဒ်ဧရိယာမှလည်း ၎င်းစတစ်ကာများကို ကိုမျိုးထက်ဇော်ရဲ့ အကူအညီနဲ့ ထပ်မံထုပ်ဝေပြီး Read More …

ကျောက်ဆည်ဘားကန့်

၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ တွင် ကျောက်ဆည် နည်းပညာတက္ကသိုလ်၌ ကျင်းပသော ဘားကန့်တွင် မြန်မာယူနီကုဒ်ဧရိယာမှ ကိုရဲဇာနည်အောင် မှ “မြန်မာဝီကီပီးဒီးယား အခမဲ့လွတ်လပ် စွယ်စုံကျမ်း” အကြောင်း ဟောပြောခဲ့သည်။