MUA Web Unicode Converter (Safari)

Chrome မှာသုံးဖို့ ထုတ်​ပေးထားတဲ့ MUA Web Unicode Converter ကို MAC သမားတွေအတွက် မှာ Safari မှာပါသုံးလို့ရအောင် Mac App Store မှာ ကိုသန့်သက် က တင်ပေးလိုက်ပါပြီ။   ဒီ Addons ကို Myanmar Font Tagger ကုဒ်​တွေကို သုံးထားပြီး ကိုThant Thet ရဲ့ ပြင်ဆင်​ပေးမှု​တွေနဲ့ တဖြည်းဖြည်း ​ကောင်းမွန်လာခဲ့တာပါ။ အခုလည်း Safari မှာ အသုံးပြုလို့ရအောင် တင်ပေးတဲ့အတွက် ကိုသန့်သက်ကို ကျေးဇူးအများကြီးတင်ရှိပါတယ်။   အသုံးလိုသူများ ဒီလင့်ကနေ ရယူလို့ရပါပြီခင်ဗျ။ MUA Extension for Mac OSX Safari ( အသေးစိတ်သိလိုပါက ဒီမှာကြည့် Read More …

ယူနီကုဒ်ဟီးရိုး လုပ်ကြမယ်

မြန်မာ ယူနီကုဒ်နဲ့ စာရိုက်တာကို လေ့ကျင့်ဘို့ အတွက်  AMK Studio မှ ပြည်သူများ အခမဲ့ ပျော်ရွှင်စွာ ကစားနိုင်ရန်အတွက် ရည်ရွယ် ပြီး တီထွင်လိုက်တဲ့ ယူနီကုဒ်ဟီးရိုး ဂိမ်းလေးကို ဒီလင့်ကိုနှိပ်ပြီး https://studio-amk.github.io/UnicodeHero/ သွားရောက်ဆော့ကစား နိုင်ပါတယ်။ အချိန်ဘယ်လောက်တွင်း ကိုယ်ဘယ်နှစ်မှတ်ရလည်း စမ်းသပ်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းသလို သင့်ရဲ့ စာရိုက်စွမ်းရည်နဲ့ စာလုံးပေါင်းသတ်ပုံကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။ ကစားပြီးရင် ကိုယ့်ရဲ့ ရမှတ်လေးတွေကို ဖေ့ဘုတ်မှာ တင်ပြီးကြွားကြဖို့ မမေ့နဲ့နော်။ ဂိမ်းမကစားပဲ PC နဲ့ စာရိုက် လေ့ကျင့်ချင်တာဆိုရင်တော့ MIT က လုပ်ပေးထားတဲ့ UniTutor လေးနဲ့လည်း လေ့ကျင့်လို့ရပါတယ်။

Adobe InDesign မှာ မြန်မာယူနီကုဒ် အဆင်ပြေပြေအသုံးပြုနိုင်ပါပြီ

Adobe In-Design ရဲ့ (CC 2020 November 2019 release v-15.0) မှာ South-East Asian Scripts တွေကို ထောက်ပံ့ပေးလိုက်ပြီဖြစ်ပါတယ်။ South-East Asian Scripts ထဲမှာ Burmese language ပါဝင်တဲ့အတွက် Adobe In-Design မှာ မြန်မာယူနီကုဒ်ကို အဆင်ပြေပြေ အသုံးပြုနိင်ပြီဖြစ်ပါတယ်။ အရင်ကလိုမျိုး Adobe In-Design မှာ မြန်မာဖောင့်တိုင်းသုံးမရတဲ့အတွက် Adobe အတွက် သီးသန့်ရေးထားတဲ့ ဖောင့်တွေပဲ သုံးရလို့ စာလုံးပုံစံ စိတ်တိုင်းမကျတာမျိုးတွေ မရှိတော့တဲ့အတွက် ပုံနိပ်ထုတ်ဝေရေးကိစ္စတွေမှာ မြန်မာစာ အသုံးပြုရတာပိုမို အဆင်ပြေလာမယ်ပြီလို့ ပြောလို့ရပါတယ်။ မြန်မာယူနီကုဒ် ကို အသုံးပြုဖို့အတွက် Adobe In-Design 2020  (Version 15) နဲ့ Read More …