မြန်မာယူနီကုဒ် စာလုံးများ -၅ ဗျည်းတွဲများ

ဗျည်းတွဲ – ပင့်ရစ်ဆွဲထိုး [U+103B , U+103C , U+103D , U+103E] ဗျည်းစာလုံးနောက်တွင် အပိုဆောင်းဗျည်းသံအဖြစ် ထပ်တွဲနိုင်သည်။ ဗျည်းမဟုတ်လျှင် မတွဲနိုင်ပါ။ ပုံမှန်အားဖြင့် ဗျည်းနောက် သရ လိုက်လေ့ရှိပြီး ဗျည်းတွဲ ရှိခဲ့လျှင် အစဉ်မှာ ဗျည်း – ဗျည်းတွဲ – သရ ဖြစ်ပါသည်။ ဗျည်း – ဗျည်း အတွဲ နှင့် ဗျည်း – ဗျည်းတွဲ မတူသဖြင့် ဗျည်းတွဲဟူ၍ သီးခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ ဥပမာ – “ကဝ” နှင့် “ကွ” ။ ဗျည်းတွဲများသည် ပုံမှန်ဗျည်းကဲ့သို့ မဟုတ်ဘဲ ရှေ့နောက်အစဉ်သတ်မှတ်ချက်ကို လိုက်နာရပါသည်။ အချို့သော ဗျည်းတွဲများသည် ဗျည်းအားလုံးနောက်ကို မလိုက်ဘဲ Read More …

မြန်မာယူနီကုဒ် စာလုံးများ -၄ မှီခိုသင်္ကေတများ

ရေးချ နှစ်မျိုး ရှိသည်။ မောက်ချ (ါ)နှင့် ဝိုက်ချ (ာ) ဟူ၍ ကွဲပြားပါသည်။ နှစ်ခုစလုံးကို အသိအမှတ်ပြု၍ ကုဒ်ပွိုင့်တစ်ခုစီ သတ်မှတ်ထားပါသည်။ မောက်ချ (ါ) U+102B ၊ ဝိုက်ချ (ာ) U+102C အသီးသီး ဖြစ်ပါသည်။ ပုံမှန်သရများ ဖြစ်သော ရေးချ ( မောက်ချ “ါ” / ဝိုက်ချ “ာ” ) ၊ လုံးကြီးတင် “ိ” ၊ လုံးကြီးတင်ဆံခတ် “ီ” ၊ တစ်ချောင်းငင် “ု” ၊ နှစ်ချောင်းငင် “ူ” ၊ သဝေထိုး “ေ” ၊ နောက်ပစ် “ဲ” တို့အပြင် သေးသေးတင် “ံ” ကိုလည်း သံပြောင်းသင်္ကေတအဖြစ် Read More …

မြန်မာယူနီကုဒ် စာလုံးများ -၃ သရ

လုံးချင်းသရ ဆိုသည်မှာ သရ အဖြစ် သီးသန့်ရပ်တည်နိုင်သော (ဗျည်းနောက် အမြဲလိုက်နေစရာ မလိုသော) သင်္ကေတ ဖြစ်ပါသည်။ မြန်မာစာတွင် ဣ (U+1023)၊ ဤ (U+1024)၊ ဥ (U+1025)၊ ဦ (U+1026)၊ ဧ (U+1027)၊ ဩ (U+1029)၊ ဪ (U+102A) ၇ လုံးရှိပါသည်။ အက္ခရာ “၏” (U+104F) သည် သရ “ဣ” နှင့် အသံထွက် တူသည့် သင်္ကေတ သာ ဖြစ်ပါသည်။ မြန်မာစာ အရေးအသား၏ မိခင်ရေသောက်မြစ်တစ်ခု ဖြစ်သော မွန်ဘာသာအရေးအသားတွင် သရသင်္ကေတ ဣ (U+1023)၊ ဥ (U+1025)၊ ဨ (U+1028)၊ ဩ (U+1029)၊ ဪ (U+102A) Read More …

မြန်မာယူနီကုဒ် စာလုံးများ -၂ (ဗျည်း ၃၅ လုံး)

မြန်မာဗျည်းများ အရေအတွက်သည် မူလတန်းကြို သင်ရိုးတွင် ရှေးစကားစဉ်အတိုင်း ၃၃ လုံး ဟု ဖော်ပြခဲ့ပါသည်။ ဘာသာဗေဒအရ သတ်မှတ်ထားသော မြန်မာဗျည်းစစ်စစ် ၃၃ လုံး တွင် ကကြီး “က” မှ လကြီး “ဠ” အထိသာ ရှိပြီး ညကလေး “ဉ” ရော “ည” ရော ပါဝင်ပါသည်။ ဘာသာဗေဒပညာရှင်အချို့၏ အမြင်အရ ဗျည်းစစ်စစ် ၃၃ လုံးတွင် အက္ခရာ “အ” မပါဝင်ပါ။ ပညာရှင်အချို့က “အ” ကို အာမထိလျှာမထိ သရသံသာဖြစ်သည် ဟု ယူဆကြပါသည်။ အချို့ပညာရှင်များက သရတွင် ကိုယ်ပိုင်အသံမရှိ။ အာခေါင်းတွင်း အသံထွက်အင်္ဂါချင်း ထိပြီးမှ “အ” ဟု ဆို၍ရသည်၊ ထို့ကြောင့် ဗျည်းဖြစ်ရမည် ဟု Read More …