မြန်မာယူနီကုဒ် စာလုံးများ -၁

ယူနီကုဒ်သည် စာလုံး (ကာရိုက်တာ) တစ်လုံးချင်းကို ကုဒ်ပွိုင့်တစ်ခုစီ ပေးထားသော ဒစ်ဂျစ်တယ်စာသားသတ်မှတ်စနစ် ဖြစ်ပါသည်။ မြန်မာစာတွင် ည အက္ခရာနှစ်မျိုး၊ ညကလေး “ဉ” နှင့် “ည” ဟူ၍ ရှိပါသည်။ ညကလေးကို ပါဠိဘာသာတွင် အသုံးများသဖြင့် အနောက်တိုင်းပညာရှင်များက ညအက္ခရာကုဒ်ပွိုင့်အရှေ့တွင် ထားပါသည်။ ထို့ကြောင့် မြန်မာစာကုဒ်ပွိုင့်များတွင် ဆယ်ခုမြောက် ကာရိုက်တာသည် ညကလေး “ဉ” ဖြစ်ပြီး ဆယ့်တစ်ခုမြောက် ကာရိုက်တာသည် “ည” ဖြစ်သည်။

Meeting with FB technical team

ရေးသားသူ – ထက်ဝေအောင် တည်းဖြတ် – မရွှန်းမီ ဂျူလိုင် ၂၂ တနင်္လာနေ့ နံနက် ၁၀:၃၀ Facebook နဲ့ တွေ့တဲ့ပွဲမှာ auto detect လုပ်တဲ့နေရာမှာ တိုင်းရင်းသားစာတွေ ကို detect လုပ်မိပြီး ဂဂျောင်တွေပြနေတာ ကို ကိုရာဗီနဲ့ မ Shwun Mi က ပြောသွားပါတယ်။ Facebook and messenger app တွေအတွက် auto convert ကို android အတွက် release လုပ်တာ 50% လောက်ပဲ သူတို့ပေးထားပါတယ်ပြောတယ်။ ဆိုလိုချင်တာ လူတိုင်း account တိုင်း မရသေးဘူးပေါ့။ အဲ့တော့ auto convert မရတဲ့သူတွေ၊ ရအောင် လုပ်ချင်တဲ့သူတွေ Read More …

ယူနီကုဒ်သုံးကြစို့

ယူနီကုဒ်သုံးကြစို့ ယူနီကုဒ်လို့ပြောလိုက်ရင် ယူနီကုဒ်ဆိုတဲ့နံမည်စိမ်းစိမ်းကြီးကို ဘာမှန်းမသိပဲ ဘာလို့သုံးခိုင်းနေတာလဲ၊ တို့ဘာသာတို့ အခုလည်း အင်တာနက်ပေါ်မှာ စာရိုက်လို့ရတယ် ဖတ်လို့ရတယ်လေ၊ အလကားအလုပ်ရှုပ်လို့ကွာလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်၊ ယူနီကုဒ်အကြောင်းမပြောခင်မှာ စကားဦးအနေနဲ့ ဒစ်ဂျစ်တယ်မြန်မာစာအကြောင်း အရင်ပြောပါရစေ။ ပုံနှိပ်လုပ်ငန်းများမှာ ခဲစာလုံးနဲ့ ပုံနှိပ်တဲ့ခေတ်ကနေ ကွန်ပျူတာနဲ့ စာစီစာရိုက် ပုံနှိပ်ခြင်းကို ဒစ်ဂျစ်တယ် မြန်မာစာ ခေတ်ဦးလို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာဆိုတာကြီးက ဘာသာစကားတွေကိုမသိပါဘူး။ သူ့အနေနဲ့ အက္ခရာစာလုံးတစ်လုံးကို နံပါတ်တစ်ခု အဖြစ်သတ်မှတ်ပြီး သိမ်းတယ် ပြန်ထုတ်ပေးပါတယ်။ အဲဒီအချိန်ကာလက ကွန်ပျူတာများရဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ်များရှိတဲ့အတွက် မြန်မာစာလုံးများကို အင်္ဂလိပ်အက္ခရာများနဲ့ ညီမျှတဲ့ နံပါတ်များနဲ့ သိမ်းဆည်းခဲ့ကြရပါတယ်။ အဲဒီနည်းနဲ့ ကွန်ပျူတာမှာ ရေးသားနိုင်တဲ့ မြန်မာဖောင့်များကို အက်စ်ကီးဖောင့်( ASCII Font) လို့ခေါ်ကြပြီး မြစေတီ၊ ရွှေ၊ ဝင်းမြန်မာ Read More …

ယူနီကုဒ် စံစနစ်သုံး မြန်မာစာစနစ် တစ်နိုင်ငံလုံး ကူးပြောင်းအသုံးပြုသွားမည်

အစိုးရဌာနများ အနေဖြင့် ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းသုံး မြန်မာစာကို မြန်မာ ယူနီကုဒ် (ပြည်ထောင်စုဖောင့်) စနစ်ဖြင့် အောက်တိုဘာလ ၁ ရက်မှ စတင်ကာ အစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များနှင့် ဆက်သွယ်ရေး အော်ပရေတာများက စတင် ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ကွန်ပျူတာသုံး မြန်မာစာ စနစ်ကို အများပြည်သူ သုံးစွဲရ လွယ်ကူစေရန် ရေးဆွဲထား သော ဇော်ဂျီဖောင့်နှင့် ယူနီကုဒ်ဖောင့်များကို သုံးစွဲလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီသော မြန်မာ စာ စံစနစ် ဖြစ်စေရန် အတွက် မြန်မာယူနီကုဒ်(ပြည်ထောင်စုဖောင့်)ကို ပြောင်းလဲအသုံးပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန Read More …