ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ် မိုဘိုင်းဟန်းဆက်များတွင် အသုံးပြုနိုင်ရေးအတွက် အစည်းအဝေးကျင်းပ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်ပမှ မိုဘိုင်းဟန်းဆက်များတင်သွင်းသည့် ပြည်တွင်း ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီယူနီကုဒ်စနစ်နှင့် ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေးနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ပမှ မိုဘိုင်းဟန်းဆက်များ တင်သွင်းသည့် ပြည်တွင်းကုမ္ပဏီ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး ခဲ့ပါသည်။ Source: https://www.facebook.com/ptdofficialpage/posts/2258469660934855

ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုသွားနိုင်ရေးအတွက် အစည်းအဝေးကျင်းပ

မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုသွားနိုင်ရေးအတွက် တတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာဦးထွန်းသူရသက်တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်များ၊ မိုဘိုင်းဆက်သွယ် ရေးအော်ပရေတာများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုသွားရန်နှင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား ပြောင်းလဲအသုံးပြုသွားမည့် သတ်မှတ်ရက်မတိုင်မီ ကြိုတင် စမ်းသပ်မှုများ (Pre- testing)၊ ပြောင်းလဲအသုံးပြုနိုင်မည့် လုပ်ငန်းအစီအစဉ်များ (Migration Schedules)၊ Read More …