Myanmar-3 Font အစား PyiDaungSu Font ကိုပြောင်းလဲအသုံးပြုသင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပြု

e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၇ရက်နေ့ မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ရာတွင် Myanmar-3 Font အစား PyiDaungSu Font ကိုပြောင်းလဲအသုံးပြုသင့်ကြောင်း ပြောကြားခဲ့ပါသည်။ e-Government Master Plan တွင်ပါဝင်နေသည့် အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ပါ ကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် Read More …

“နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ် (ISO-10646)” အား မြန်မာနိုင်ငံ၏ စံအဖြစ် သတ်မှတ် ကျေညာ

အမျိုးသား စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ “နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ် (ISO-10646)” အား မြန်မာနိုင်ငံ၏ စံအဖြစ် သတ်မှတ် ကျေညာလိုက်ပြီ ဖြစ်သည်။ (ရည်ညွှန်း။ ၂၄-၂-၂၀၁၉ နေ့ထုတ် ကြေးမုံ သတင်းစာ) အမျိုးသား စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ "နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ် (ISO-10646)" အား မြန်မာနိုင်ငံ၏ စံအဖြစ် သတ်မှတ် ကျေညာလိုက်ပြီ ဖြစ်သည်။ (ရည်ညွှန်း။ ၂၄-၂-၂၀၁၉ နေ့ထုတ် ကြေးမုံ သတင်းစာ) Posted by MCF: Myanmar Computer Federation on Thursday, 14 March 2019