မြန်မာယူနီကုဒ် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၏ အစည်းအဝေးပြုလုပ်

နေပြည်တော် ဇူလိုင် ၁၉ အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ နိုင်ငံတကာသုံး မြန်မာယူနီကုဒ်စံစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတကာသုံးမြန်မာယူနီကုဒ်စံစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေက e-Government စနစ်ကိုထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် ယူနီကုဒ်သုံး မြန်မာစာစံစနစ်ဆိုင်ရာများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲများကို အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် ပြုလုပ်ခဲ့ပြီးသဘောတူဆုံးဖြတ်ချက်များအရ ကို နိုင်ငံတကာ ISO 10646 အသိအမှတ်ပြု မြန်မာဖောင့်ရေးသား ထုတ်လုပ် ဖြန့်ချိသူများသည် မိမိဖောင့်ကိုယူနီကုဒ်စံစနစ်နှင့်ကိုက်ညီအောင် ရေးသားထုတ်လုပ်ရန်၊ မြန်မာယူနီကုဒ်စံစနစ်ကို ဆောလျင်စွာ စမ်းသပ်ကူး ပြောင်းသုံးစွဲရန်၊ ဦးစားပေးရေးဆွဲရန်လိုအပ်သော စံချိန်စံညွှန်းများကို ဆွေးနွေးဖော်ထုတ်သွားရန်၊ နည်းပညာဆပ်ကော်မတီအနေဖြင့် စတင်ရေးဆွဲရန်ဆုံးဖြတ်ထားသည့် စံချိန်စံညွှန်းများအတွက် အဆိုပြုလွှာပုံစံများကို Read More …