Myanmar Unicode Area (MUA) ၏ သဘောထားထုတ်ပြန်ချက်

မြန်မာယူနီကုဒ်စံကူးပြောင်းရေးလုပ်ငန်းစဉ်  Myanmar Unicode Area (MUA) ၏ ဆောင်ရွက်ချက်များ နှင့် သဘောထားထုတ်ပြန်ချက် ၁ ။ ကွန်ပျူတာသုံးမြန်မာစာစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစာပေများအရေးကို ရှေးရှုပြီး မြန်မာယူနီကုဒ်စံကူးပြောင်းရေး လုပ်ငန်းစဉ်ကို အစိုးရကဦးဆောင်၍ ဆောင်ရွက်ပေးပါရန် ဇူလိုင်လ (၁၅) ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသို့ စာတင်ခဲ့ပါသည်။ ၂ ။ ဇူလိုင်လ (၂၄) ရက်နေ့တွင် “ကွန်ပျူတာသုံးမြန်မာစာစံစနစ်ကူးပြောင်းရေးဆိုင်ရာကော်မတီ” အစည်းအဝေးကို ပညာရေးဝန်ကြီးဦးဆောင်၍ ခေါ်ယူကျင်းပခဲ့ရာ MUA မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အစိုးရဌာနအားလုံး ယူနီကုဒ်စံစနစ် တစ်မျိုးတည်းကိုသာသုံးစွဲရန် ဆုံးဖြတ်ချက်အပါအဝင် တစ်ပြည်လုံးယူနီကုဒ်စံကူးပြောင်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရန် ဆုံးဖြတ်ချက်များကို အစည်းအဝေးမှ ချမှတ်နိုင်ခဲ့ပါသည်။ ၃ ။ ဇူလိုင်လ (၂၉) ရက်နေ့တွင် MUA မှ ရေးဆွဲထားသည့် ကူးပြောင်းရေးလုပ်ငန်းစဉ်အစီအစဉ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ရေးဆွဲထားသည့် ကူးပြောင်းရေးလုပ်ငန်းစဉ် Read More …