ယူနီကုဒ်ပြောင်းလဲရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲ (၂၀၁၆ ဇူလိုင် ၂၉)

ယူနီကုဒ်ပြောင်းလဲရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ၂၉ ရက်နေ့တွင် အစိုးရဘက်မှ တာဝန်ရှိသူများ၊ မြန်မာကွန်ပျူတာ အသင်းချုပ် (MCF)၊ မြန်မာယူနီကုဒ်ဧရိယာ (MUA) နှင့် အတတ်ပညာရှင်များ စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ ရလဒ်များအနေဖြင့် လူမှုကွန်ယက်များတွင် အငြင်းပွားမှုပုံစံ ဆွေးနွေးမှုများ မပြုလုပ်ကြတော့ရန်၊ ဆွေးနွေးပွဲတက်ရောက်သူများမှ အပြောင်းအလဲ ပြုလုပ်ရန် ထောက်ခံကြောင်း နှင့် တက်နိုင်သည့်နေရာမှ ကူညီကြမည်ဖြစ်ကြောင်း၊ MCF နှင့် MUA တို့မှ တင်ပြသော လုပ်ငန်းလမ်းစဉ် နှစ်ခုကို ပေါင်းစည်း၍ လုပ်ငန်းလမ်းစဉ်တစ်ခုဖြစ်မြောက်အောင်ဆောင်ရွက်တည်းဖြတ်ရန်။ အစရှိသော ဘုံရည်မှန်းချက် သုံးချက် အကြိုညှိနှိုင်းဖြစ်ခဲ့ပါတယ်။ ၎င်းဆွေးနွေးပွဲနဲ့ပက်သက်ပြီး “ဒီအကြိုဆွေးနွေးပွဲဟာ နောက်ထပ် ထိရောက်တဲ့ အရွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲမတိုင်ခင်က အားမလို အားမရမှုတွေ၊ စိတ်ပူပန်မှုတွေ ရှိခဲ့တဲ့အတွက် ပြောမှရမယ့် စကားတွေကို ပြတ်ပြတ်သားသား၊ တည့်တည့်ပဲ Read More …

ကွန်ပျူတာသုံး မြန်မာစာ စံစနစ်ဆိုင်ရာ ဆွေးနွေးပွဲ (၂၀၁၆ ဇူလိုင် ၂၄) ကျင်းပ

  ကွန်ပျူတာသုံး မြန်မာစာ စံစနစ်ဆိုင်ရာ ဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ တွင် တက္ကသိုလ်စိန်ရတုခန်းမ၌ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင် ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်တွင် မြန်မာယူနီကုဒ်ဧရီယာမှ ကွန်ပျူတာသုံးမြန်မာစာစံစနစ်အတွက် အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုသည့်စာ ပေးပို့ခြင်းကိစ္စကို တုန့်ပြန်ခြင်းလည်း ပါဝင်ကြောင်းသိရှိရပြီး၊ ယူနီကုဒ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျယ်ပြန့်စွာ အသုံးပြု ရေး၊ အခက်အခဲများရှိပါက ကူညီ ပေးရေးနှင့် အစိုးရဝန်ကြီးဌာနများ က ဦးဆောင်အသုံးပြုရေး စသည့် အချက်သုံးချက်ကို ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။ ယခုဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးဌာနများနှင့် အစိုးရဌာန ဆိုင်ရာများက ထုတ်ပြန်သည့် သတင်းကြေညာချက်များသည် ဝက်ဘ်ဆိုက်များ၊ Facebook စာမျက်နှာများတွင် ယူနီကုဒ်ဖောင့်ဖြင့်သာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ယူနီကုတ် ဖောင့်ထည့်သွင်းထားခြင်းမရှိ သော ဖုန်းနှင့်ကွန်ပျူတာများ၌ ဖတ်ရှုရန် အခက်အခဲကြုံတွေ့ရ မည်ကို Read More …

အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုစာတင်ခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပ

ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် မြန်မာယူနီကုဒ်ဧရိယာမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ကိုမောင်မောင်ဆန်း၊ ကိုအိမောင်၊ ကိုထွန်းထက်အောင်၊ ကိုပိုင်ဟိန်းသူ တို့က ရှင်းလင်းခဲ့ကြပါသည်။ အဆိုပါပွဲ၌ သတင်းမီဒီယာများ၊ MUA အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။ အပြည့်အစုံအား http://www.mmunicode.org/mmunicode_request_to_gov/ တွင် ကြည့်ရှု့နိုင်ပါသည်။

ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပ

၁၇ ဇူလိုင် ၂၀၁၆ ဒီနေ့ ကွန်ပျူတာသုံးမြန်မာစာစံစနစ်အတွက် အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုသည့် စာပေးပို့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲကို MUA က ပါဝင်ပြီး ပြုလုပ်ခဲ့ပါသည်။ ပီကေကွန်ဒို အောက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မှာ ရှိတဲ့ ပန်မြန်မာ ရုံးခန်းမှာ ဒီကနေ့ နေ့လည် ၁နာရီမှာ စတင် ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် ကြော်ငြာ ဒါရိုက်တာ ကိုမောင်မောင်ဆန်းမှ အစိုးရအား စာပို့တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် ဦးဆောင် ရှင်းလင်း ပြောကြားကာ ဘာကြောင့် မြန်မာယူနီကုဒ်စံစနစ်ကို ပြောင်းလဲ အသုံးပြုသင့်ကြောင်းနှင့် မသုံးစွဲပါက ဖြစ်လာနိုင်သည့် အကျိုးအပြစ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှင်းလင်းပွဲ အကြောင်းအရာပါ အချက်များနှင့် ပတ်သက်ပြီး သတင်းမီဒီယာများမှ သိလိုသည်များကို Fairway မှ ဆရာအိမောင်ကလည်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ၂၇ ဧပြီ ၂၀၁၆ Read More …