MUA Web Unicode Converter

MUA ထုတ်ကုန်အသစ်ပါ။ Chrome မှာသုံးဖို့ ထုတ်​ပေးထားတဲ့ MUA Web Unicode Converter ကို Mobile ဖုန်း​တွေမှာပါသုံးလို့ရတဲ့ Firefox Browser အတွက်ပါ ထုတ်​ပေးလိုက်ပါပြီ။ The Voice News website on Desktop   ဒီ​နေ့ Super Unicode Sunday ​ပေါ့။ ဒီ Addons ကို Myanmar Font Tagger ကုဒ်​တွေကို သုံးထားပြီး ကိုThant Thet ရဲ့ ပြင်ဆင်​ပေးမှု​တွေနဲ့ တဖြည်းဖြည်း ​ကောင်းမွန်လာခဲ့တာပါ။ ကျွန်​တော်တစ်​ယောက်အလိုဆို ဒီ​လောက် မဖြစ်နိင်ပါဘူး။ အားလုံး ကိုသန့်သက်ကိုသာ ​ကျေးဇူးတင်ကြပါဗျို့။ Eleven News on Firefox(Android)   Mozilla Firefox Read More …

www.mmunicode.org ဝဘ်ဆိုဒ် လွင့်တင်ခြင်း

mmUnicode.org website ကို ယနေ့ (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် ၊ တနင်္ဂနွေနေ့) တွင် စတင်ထုတ်လွှင့်ခဲ့ပါသည်။ ကျွန်တော်တို့ mmUnicode.org website ကို MUA groups facebook စာမျက်နှာမှ အဖွဲ့ဝင်များ၏ တောင်းဆိုမှု၊ ဆွေးနွှေးအကြံပေးမှုများကို လက်ခံပြီး အကောင်အထည်ဖော်ဖို့အတွက် စီစဉ်ခဲ့ကြခြင်းဖြစ်ပါသည်။ ဒီပို့စ်မှာ အများဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ ကျွန်တော်တို့ ဒီဝက်ဆိုဒ်နဲ့ လမ်းညွှန် Guide Book ဝဘ်ဆိုဒ်ကို လုပ်ဖြစ်ခဲ့တာပါ။ အားလုံး အကြံပေးကြလို့ ကျေးဇူးအထူးတင်ရှိပါသည်။ တလဝန်းကျင်လောက် အချိန်ယူပြီး ဒီဆိုဒ်ကို တည်ဆောက်ခဲ့ပါတယ်။ လိုအပ်သည်များလည်း ရှိနိုင်လို့ ကျွန်တော်တို့ကို အကြံပေးနိုင်ပါတယ်ခင်ဗျ။ ကိုသော်တိုးဝေ၊ ကို Winston Compunuts တို့အပြင် အရင်ကလည်း ဒီစာမျက်နှာကို ပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါသေးတယ်။ အခုမှ Read More …

စာတတ်သွားတဲ့ ကွန်ပျူတာ

ယူနီကုဒ်ကြောင့် ကွန်ပျူတာ မြန်မာစာ တတ်သွားပြီ ယူနီကုဒ်ဆိုတာ ပေါ်လာတဲ့အတွက် ကွန်ပျူတာက ဗမာစကားအပြင် တိုင်းရင်းသားဘာသားစကားတွေကိုပါ တတ်မြောက်သွားပါပြီ။ နောက်ဆိုရင် စကားပါ ပြောတတ်တော့မှာပါ။ အရင်က “မန္တလေး” ဆိုသော ကျွန်တော်တို့ နန်းရွှေမြို့တော်ကို ကိုကွန်ပျူတာက “မနလေး” ဟုသာ အကြမ်းဖျင်းသိနိုင်ပါသည်။ “မနားလေး”ဟု သိမပေးတာကို တော်တော် ကျေးဇူးတင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာက ကျွန်ုပ်တို့ လူသားတွေလောက် ဦးနှောက်မကောင်းလို့ပါ ခင်ဗျာ။ ကျွန်တော်တို့ လူသားတွေက ဦးနှောက်ကောင်းတော့ မြင်ရုံနဲ့ ဒါဘာလဲဟု တန်းသိသော်လည်း ကိုကွန်ပျူတာတို့က မြင်ရုံနဲ့မသိနိုင်ပါ။ စည်းစနစ်ကျကျ သေချာ ဒါဒီလို ရှိတယ်ဟု သေချာ မပြောရင် အဲဒီကောင်တွေက ငအတွေပါ။ (ကျွန်တော်မြင်မိသော Programming :P)။ ယူနီကုဒ်မှာ ပါတဲ့ Shift + Read More …

ယူနီကုဒ်နှင့် Searching

ယူနီကုဒ်မှာက တိကျတဲ့ စာလုံးစီပုံရှိတယ်။ စာလုံးစီပုံအမျိုးမျိုးကွဲပြီး data အမျိုးမျိုးကွဲလွဲနေတဲ့ ပြဿနာကိုတော့ ကျော်လွှားနိုင်သွားပါပြီတဲ့။ ဒါပဲလားဗျ။ ဟုတ်တယ် ဒါပဲဗျ။ အဲဒါကကို ကွန်ပျူတာစနစ်မှာ အဓိကကျနေတဲ့ အချက်ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူးဗျာ။ ကဲ အဲဒီ “ဒါပဲ” ဆိုတာကိုပဲ အသေးစိတ်ချဲ့ကြည့်ကြမယ်ဗျာ။ စာတော့ နည်းနည်းရှည်တယ်ဗျာ။ သည်းခံနိုင်ရင်တော့ ဆက်ပြီး ဖတ်ပေးကြပါလို့ တောင်းဆိုပါတယ်ဗျာ။ ကျွန်တော်တို့ စဉ်းစားကြည့်ကြမယ်ဗျာ။ စာလုံးစီပုံတိကျပြီး အမျိုးမျိုးကွဲတဲ့ ပြဿနာမရှိတာကြောင့် Searching တွေမှာ တိကျတဲ့ result တွေကို ရပြီပေါ့ဗျာ။ နောက်ပြီး ကျွန်တော်တို့ searching တခုရဲ့ speed နဲ့ system resource အသုံးပြုမှုကို ကြည့်ကြမယ်ဗျာ။ အင်တာနက်ပေါ်မှာ သိချင်တာ တခုခု ရှိလာလို့ ရှာတိုင်း Google Read More …

ဘာကို သုံးကြမှာလဲ

မြန်မာယူနီကုဒ် သုံးဖို့ ဘယ်ဖောင့်ကို ထည့်ရမှာလဲ ဖောင့်တွေကလည်း အများကြီး ရှုပ်ယှက်ခပ်နေတာပဲ ※ မရှုပ်ပါဘူးဗျာ Unicode စနစ်ကို လိုက်နာတဲ့ စာလုံးဖောင့် ကြိုက်ရာသုံးလို့ရပါတယ် ဟုတ်လို့လားဗျာ ဘယ်ဖောင့်တွေ သုံးလို့ရလဲ ※ ပိတောက်၊ သာလွန်၊ မြန်မာ ၃၊ ပြည်ထောင်စု၊ စကား၊ ပေါက်က​လေး၊ ကံ့ကော်၊ ချယ်ရီ . . . ကဲ ဒါတွေအပြင် အများကြီးကျန်သေးသဗျ။

အခွင့်အရေး

“ယူနီကုဒ် ဆိုတာ IT devices တွေမှာ မြန်မာတိုင်းရင်းသားတွေရဲ့ စာ၊ စကားတွေကို အသုံးပြုပြီး စနစ်တကျ တွက်ချက် ခိုင်းစေနိုင်ဖို့ unicode.org က​နေ ပေးထားတဲ့ အခွင့်အ​ရေးတခုပဲ။” ဒီအခွင့်အ​ရေးကို မြန်မာပညာရှင်တွေက ကျွန်တော်တို့ လက်ထဲထိ ထည့်ပေးပြီးပါပြီ။ ကျန်တာ မိတ်ဆွေတို့ သ​ဘောပါ။ [Myanmar Unicode Area] www.facebook.com/groups/mmUnicode

ကျောက်ဆည်ဘားကန့်

၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ တွင် ကျောက်ဆည် နည်းပညာတက္ကသိုလ်၌ ကျင်းပသော ဘားကန့်တွင် မြန်မာယူနီကုဒ်ဧရိယာမှ ကိုရဲဇာနည်အောင် မှ “မြန်မာဝီကီပီးဒီးယား အခမဲ့လွတ်လပ် စွယ်စုံကျမ်း” အကြောင်း ဟောပြောခဲ့သည်။

Myanmar Unicode Area Logo

  မြန်မာယူနီကုဒ် ဧရိယာအတွက် MUA Logo အား ဒီဇိုင်နာ ကိုငြိမ်းချမ်းမှ ဒီဇိုင်းဆွဲပေးထားပါသည်။ Unicode consortium ၏ အမှတ်အသား လိုဂို ပါဝင်သောကြောင့် ဒီအတိုင်း သုံးစွဲခွင့် မရှိပဲ ကျွန်တော်တို့ Unicode consortium အထိ စာပို့ ခွင့်ပြုချက် တောင်းပြီး လုပ်ဆောင်ခဲ့ပါသည်။ Unicode consortium က ခွင့်ပြုချက်ပေးသောကြောင့် အများအသုံးပြုနိုင်ရန် ဖြန့်ချိခဲ့ပါသည်။ မြန်မာယူနီကုဒ် ဧရိယာမှ ထုတ်သော တီရှပ်များတွင်လည်း ရိုက်နှိပ်အသုံးပြုခဲ့ပါသည်။ ထို့အပြင် ယူနီကုဒ်ကို လူသိများလာစေရန် ပရိုမိုးရှင်းလုပ်သည့်အနေဖြင့် profile ဓါတ်ပုံများ ပြောင်းလဲ အသုံးပြုခြင်းများ လုပ်ရာတွင် အသုံးပြုခဲ့ကြပါသည်။ MUA Logo မြန်မာယူနီကုဒ် ဧရိယာ လိုဂို မူလပိုင်ဆိုင်သူမှာဒီဇိုင်းနာ ကိုငြိမ်းချမ်းဖြစ်ပြီး မြန်မာယူနီကုဒ် ဧရိယာတွင် Read More …